<Part 10>

75 7 3
                                    

Noze- အလုပ်ထွက်တဲ့ကိစ္စအဆင်ပြေခဲ့လား?

Aiki- အွန်း ဒီလကုန်မင်းရဲ့concertပြီးရင် ထွက်လို့ရပြီတဲ့

Noze- ပျော်နေလား?

Aiki- ဘာ!

Noze- ပြန်ရတော့မယ်ဆိုတော့ ပျော်နေလားလို့

သူ့ဆီကအဖြေကို မကြားခင်ထဲက ကြိုတွက်ထားခဲ့ပေမယ့် သူဖြေလာတဲ့အဖြေက မှန်းထားတာနဲ့တခြားစီမို့ nozeသူ့ကိုမော့ကြည့်လိုက်မိတယ်။

Aiki- ဟင့်အင်း နည်းနည်းမှမပျော်ဘူး ဒါပေမယ့်စိတ်သက်သာရာတော့ရတယ် အနည်းဆုံးတော့ ငါဘယ်သူ့ကိုမှအသုံးချစရာမလိုတော့ဘူးလေ

Noze- နင်က နားလည်ရခက်တယ်နော်

Aiki- အွန်း ဟုတ်တယ်မလား? ငါ့ကိုယ်ငါလည်းသိပါတယ်

Noze- တခါတလေ မမြိုသိပ်ထားဘဲနဲ့ ယုံကြည်ရတဲ့လူတစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်တာက အရမ်းစိတ်သက်သာရာရစေတယ်ဆိုတာ နင်သိတယ်မလား?

Aiki- ငါကတော့ ငါစိတ်သက်သာရာရမှာထက် တခြားလူငါ့ကြောင့်ထိခိုက်သွားမှာကို ပိုစိတ်ပူတယ်

Noze- အာ့ဆိုမထိခိုက်အောင် နင်ကာကွယ်ပေးလိုက်လေ

Aikiခနငြိမ်သက်သွားသည်။ တခုခုကို အလေးအနက်စဉ်းစားနေတဲ့ဟန်။

Aiki- ငါ...ကာကွယ်ပေးနေပါတယ်

သူထမင်းစားခန်းထဲက အရင်ထထွက်သွားသည်။ သူ အလုပ်ထွက်မယ်လို့စပြောတဲ့နေ့ကစပြီး aiki‌ကိုကြည့်ရတာ တခုခု ပြောင်းလဲနေသည်။ ကြမ်းတမ်းသည့် နွားရိုင်းက နူးညံ့သည့် ယုန်ဖြူတစ်ကောင်သို့ ပြောင်းလဲသွားသလိုပင်။

Aikiထိုညကအိပ်မပျော်သဖြင့် ခြံထဲဘက်သို့ဆင်းလာလိုက်သည်။ ခြံထဲမှာ လမ်းလျှောက်နေရင်း အပေါ်သို့မော့ကြည့်မိချိန်

"ဟင်?"

ပန်းရောင်ညအိပ်၀တ်စုံလေးကို အပေါ်အောက်၀မ်းဆက်၀တ်ဆင်ထားပြီး လက်ထဲမှာဝိုင်တခွက်‌ကိုင်ကာ ၀ရန်တာမှာလမ်းလျှောက်နေသော သူမ။ aikiသတိလက်လွတ်ငေးနေမိသည်။ သူကလှလွန်းပါသည်။ ငယ်ငယ်လေးထဲက ငေးကြည့်ခဲ့ရတဲ့ ချစ်စရာကောင်းတဲ့ကလေးမလေးက သူ့မျက်စိရှေ့မှာ အရမ်းလှတဲ့နတ်သမီးလေးတောင်ဖြစ်နေပြီ။ သူကတော့ သူမနဲ့ဆန့်ကျင်ဘက် ဒုစရိုက်သမားတစ်ယောက်အဖြစ်သာ....

Can I just... love you?Where stories live. Discover now