Part 13 (A+B) Zawgyi

40 1 0
                                    

"ဟင် သား သာမည "

ဦးလွန်းမောင် သားဖြစ်သူကိုခေါ်မရ၍ တံခါးကို ထုလိုက်တော့ တံခါးကပွင့်သွားသည်။ အခန်းထဲဝင်လိုက်သည်နှင့်  မြင်ရသည့် မြင်ကွင်းက စိတ်မချမ်းမြေ့စရာ။

အခန်းတစ်ခုလုံးလည်း ရှုပ်ပွနေသည့်အပြင် သားဖြစ်သူ သာမည၏ ပုံစံကပါ ရှုပ်ပွပွဖြစ်နေလေသည်။ ဆံပင်တွေက ပွယောင်းယောင်းနှင့် အင်္ကျီ သည်လည်း ဖရိုဖရဲ။ မျက်နှာတွင်လည်း မျက်ရည်စီးကြောင်းများက အထင်းသား။

သူ့ဆီတစ်ချက်လှည့်ကြည့်ရုံသာ ကြည့်ရင်း ဘာမှမရှိသည့် နံရံကိုသာ ဆက်၍ငေးနေလေသည်။ နံရံကို ငေးကြောင်ကြောင် လှမ်းကြည့်နေသည်မှာ မလှုပ်မယှက်နှင့်။ သားဖြစ်သူ၏ပုံစံကိုကြည့်ရင်း အတိတ်ကာလဆီမှ တစ်စုံတစ်ယောက်ကိုပင် ဦးလွန်းမောင် သတိရမိသွားသည်။

"သားရာ ဘယ်လိုတွေဖြစ်နေရတာလဲ.. ဒီလောက်ထိဖြစ်စရာမလိုဘူးလေကွာ.. ဒယ်ဒီပြောပြီးပြီပဲ ဒယ်ဒီတတ်နိုင်သလောက် ကူညီပါ့မယ်ဆိုတာ"

"ဆုန်းဆုန်း လာသွားတယ် "

"ဘယ်လို ! "

မိမိကို လှည့်မကြည့်ပဲ သားက နှုတ်ခမ်းလှုပ်ရုံဆိုသည်။ လေသံကတကယ့်ကို တိုးတိုးလေးမို့ ဦးလွန်းမောင် သေချာမကြားရ။ သားဖြစ်သူကို ယခုကဲ့သို့မြင်နေရတော့ ဦးလွန်းမောင် လည်း စိတ်မကောင်းဖြစ်ရသည်။ ဤမျှ စိတ်ထိခိုက်ရမည်မှန်းလည်း ဦးလွန်းမောင် မထင်မိခဲ့။

သားဖြစ်သူ ကို ကူညီချင်ပါသော်လည်း ဇနီးဖြစ်သူကို မလွန်ဆန်နိုင်ခဲ့သည်က ငယ်ရွယ်စဉ်အချိန်ကတည်းမှ။ အတတ်နိုင်ဆုံးတော့ ကြိုးစားပေးခဲ့ပါသေးသည်။ သို့သော် ဇနီးဖြစ်သူ၏ ဘူးဆိုဖရုံမသီးသည့် စိတ်ထားက ပြောင်းလဲလာခြင်းမရှိခဲ့။

ငယ်စဉ်ကတည်းမှ သားအပေါ်ကို ဇနီးဖြစ်သူ၏ တင်းကြပ်စွာ အုပ်ထိန်းခဲ့မှုတွေက သားဖြစ်သူ ကို စိတ်ဒဏ်ရာတွေ ရစေခဲ့လေသလား။ တရားနည်းလမ်းမကျမှန်း ဦးလွန်းမောင်သိပါသော်လည်း သူကိုယ်တိုင်က ဇနီးအပေါ် ဩဇာမညောင်းသူမို့ တား၍ငှာ မရခဲ့ချေ။ အတိတ်ဆီမှ အဖြစ်အပျက်များကပါ ယခုလက်ရှိ သားဖြစ်သူကိုပါ ထိခိုက်စေမိလေပြီထင်ပါရဲ့။

You've reached the end of published parts.

⏰ Last updated: Oct 27, 2022 ⏰

Add this story to your Library to get notified about new parts!

Wish You Were GAYWhere stories live. Discover now