Part 7 (Zawgyi)

21 1 0
                                    

"ဒယ်ဒီ သား ညအိပ်ညနေ မလုပ်လို့ရဘူးလားဟင်"

သေချာပေါက် ညအိပ်ပေးရမည်မှန်း သိနေသော်လည်း ရလိုရငြားလေး ဒယ်ဒီ့ကို တောင်းဆိုကြည့်သည်။

"ဟဲ့ ဟိုက ညရေးညတာ တစ်ခုခု လိုအပ်လာရင် ကူညီပေးနိုင်အောင်လို့ နင့်အကူအညီတောင်းတာလေ.. နင့်တုန်းကတောင် ညလယ်ခေါင်ကြီး ဗိုက်ဆာလို့ဆိုပြီး မာမီတို့ကို ဂဂျီဂဂျောင်ကျတာ မှတ်မိလား"

ပြောလိုက်သည်က ဘေးနားမှ ဒယ်ဒီ့ကိုဆိုသော်လည်း သူ့အတွက် လိုအပ်သည်များကို ထုပ်ပိုးပေးနေသည့်မာမီက ကြားသွားကာ ဆူသလိုလေးပြောလာသည်။

"ပြီးရင် နင်ကူညီရမယ့်လူက တခြားသူမဟုတ်ဘူးနော်.. နင့်ရဲ့ဆရာကြီး.နင့်ရဲ့ကျေးဇူးရှင်ကြီး. အဲ့ဒီတော့ ဆရာကြီးရဲ့တူ ဆေးရုံမဆင်းမချင်း နင်သွားစောင့်ပေးရမယ်.. "

"ဒါ..."

"ဘာမှ လာအထွန့်မတတ်နဲ့
ဒါဆို ဒါပဲ.. ကြားလား
အဲ့တာမှ ဟိုမဟုတ်တဲ့ကိစ္စတွေဆီ မရောက်ပဲ ခြေငြိမ်မှာ.. မာမီ့ အလုပ်နဲ့ မာမီ မအားပေမယ့် မာမီ့မှာနားတွေအများကြီးရှိတယ်ဆိုတာကိုလည်း မမေ့နဲ့.. မာမီ ကြားထားတာတွေရှိနေတယ်နော် ဟင်းဟင်း"

သူဘာမှပင်မ​ပြောနိုင်သေးခင် မာမီ့ဆီမှ စကားတို့က တရစပ်ထွက်လာပါသည်။

"ကဲပါ မိန်းမ ရာ
သားလေး သွားခါနီး ကို "

"ရှင်လည်း အတူတူပဲ
သားကို သိပ်ပြီးအလိုမလိုက်နဲ့..
ပြီးရင် အလုပ်ကိုလည်း နည်းနည်းပါးပါး အာရုံစိုက်အုံး..သားကိုဆေးရုံပို့ပြီးတာနဲ့ Richard တို့သားအဖ ဆီ သွားလိုက်အုံးနော်..ကျွန်မဆီ ဖုန်းတဂွမ်ဂွမ်ဆက်နေတာ မနက်ကတည်းကပဲ.. ကျွန်မလည်း မအားတာနဲ့ သေချာတောင်မပြောဖြစ်လိုက်ဘူး.. အားနာစရာကောင်းနေပြီ"

"အင်းပါ မိန်းမ ရာ
ကိုယ်သူတို့ဆီ ဖုန်းဆက်ပြီးသားပါကွာ.. စိတ်ပူမနေပါနဲ့ ကိုယ့်မိန်းမ မျက်နှာလေး ကျသွားပါ့မယ်"

ဒယ်ဒီက အချွဲစကားလေးဆိုရင်း မာမီ့ဘေးနားတိုးကာ ပါးလေးကို ချစ်စနိုးအနမ်းလေးပေးသည်။ သူ မမြင်ချင်ယောင်ဆောင်ကာ ဖုန်းဖွင့်သုံးနေလိုက်ရပါသည်။

Wish You Were GAYWhere stories live. Discover now