Part 4

73 4 0
                                    

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

နှစ်ယောက်သား ကျောက်ရုပ်ကြီးတွေလို စက္ကန့်ပိုင်းမျှ ငြိမ်သက်မိသွားကြကာ တစ်ယောက်ကို တစ်ယောက်မျက်လုံးအပြူးသား ကြည့်မိနေလျက်သား။ ပထမဆုံး သတိဝင်လာသူက သာမည။

"ဒီမှာ ဖုန်း ဖုန်းရှာတွေ့ပြီ "

ကုန်းရုန်းထလိုက်ပြီး ကိုနောင်းလျန် ကို မကြည့်ပဲ ဖုန်းကိုပြကာပြောလိုက်သည်။

"ဪ အင်း အင်း"

နှစ်ယောက်စလုံးက ရှိုးတိုးရှန်းတန့်။ နောင်းလျန်တစ်ယောက် နာကျင်နေသည်ကိုပါ မေ့သွားရသည်အထိ ထိုမတော်တဆဖြစ်ရပ်က ဖမ်းစားထားသလိုလို။

ရုတ်တရက် နားထဲ ကောင်မလေး၏ ကျိန်စာလိုလို စကားသံကို ပြန်လည်ကြားယောင်မိပြန်၏။

* အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့! *

ချင်းလိုပင် ပါးစပ်လှုပ်ရုံ ဆုတောင်းလိုက်ရသည်။

"ဖုန်းက Passcode ခံနေတယ်"

"ဪ အင်း
2580 "

သာမညက သူ့ကိုတစ်ချက်ကြည့်ကာ ဘာမှပြန်မပြောပဲ  စားပွဲဘေးနား သွားထိုင်လေသည်။ သူစိမ်းတစ်ယောက်ကို Passcode ပြောပြလိုက်၍ အံ့ဩသွားသည်ထင်၏။

"ဒါနဲ့ ဒီကလေးမလေး ကဘယ်သူလဲ ဟင် ကိုနောင်းလျန်... ကျွန်တော်
မြင်ဖူးနေသလိုပဲ "

ဖုန်းကို သေချာကြည့်ရင်း သာမညက ဆိုသည်။ Wallpaper တင်ထားသည့် သူနှင့်သူငယ်ချင်းမလေး ငယ်စဥ်က  အတူတူရိုက်ထားသည့်ပုံကို ပြောသည်နှင့်တူသည်။

"ဪ ငယ်သူငယ်ချင်း ပါ
အချစ်ရဆုံး သူငယ်ချင်း ဆိုပါတော့ "

"ဪ"

သာမည ပုံကို ထပ်ကြည့်မိသည်။ App တွေနှင့်မို့ သေချာစွာမမြင်ရသော်လည်း သူ့စိတ်ထဲ ရင်းနှီးနေသလိုပင်။ ထပ်ပြီးစပ်စုချင်ပါသော်လည်း မကောင်းတတ်၍ ဘာမှတက်မမေးဖြစ်တော့။ လုပ်စရာ ရှိသည်ကိုပဲ လုပ်ပေးလိုက်ရင်း...

"ရပြီ ကိုနောင်းလျန်"

ဖုန်းကို ခေါင်းအုံးဘေး ပြန်ချထားပေးလိုက်ကာ သူသည်လည်း ဂိမ်းဆော့နေလိုက်လေသည်။

Wish You Were GAYWhere stories live. Discover now