Part 10 (Zawgyi) 🔥

27 1 0
                                    

"အဲ့လောက်ထိ အသေးစိတ် မလုပ်လဲ ရပါတယ် ညီရယ်.. ဒဏ်ရာသက်သာမှကိုယ့်ဘာသာ ဆေးလိုက်လို့ရပါတယ်"

ဒူးခေါင်းရှိ ဒဏ်ရာတဝိုက် ပေကျံနေသော ဆေးရည်များကိုပါ ပြောင်စင်အောင်တိုက်ချွတ်နေသည်မို့ သူတားရသည်။

"ဪ ခင်ဗျားကြီးကလည်း လုပ်မယ့်လုပ် အဆုံးထိလုပ်ရမှာပေါ့ဗျ
အသာနေစမ်းပါဗျာ.. အနာထိမိလို့နာရင်သာ သတိပေး မဟုတ်ရင်တိတ်တိတ်လေးနေနေဗျာ"

သူပဲ ပြန်အကောခံလိုက်ရတာမို့ "လုပ်ချင်သလိုသာ လုပ်တော့ဟေ့" ဟုဆိုကာ ငြိမ်နေလိုက်ရပါသည်။

မိနစ်အနည်းမျှကြာလေမှ

"ကဲ သန့်ရှင်းသွားပြီ
ဘာချွေးနံမှလည်း မရတော့ဘူး"

စိတ်ကျေနပ်သွားသလိုဆိုကာ သာမညက မတ်တပ်ရပ်၏။

"ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ.. ကဲ ကျေနပ်တော်မူပြီလား အမောင်သာမည"

သူ့ကိုပြုံးကြည့်ကာ စိတ်ကျေနပ်နေသော သာမညကို အရွဲ့စကားလေးဆိုရင်း ဘောင်းဘီဝတ်ရန်ပြင်တော့

"ဟိုး ဟိုးထား ဆရာ
အောက်ခံဘောင်းဘီပါလဲဖို့ ပြောထားတယ်လေဗျာ.. ကျွန်တော့်ဟာ ပေးမယ်လို့ဆိုနေ
မညစ်ပတ်ရဘူး​လေ ခင်ဗျားကလည်း.. အောက်ခံဘောင်းဘီမလဲရင် ပေါင်ကြားထဲ ဝဲပေါက်လိမ့်မယ်ဗျ"

"ဟာ ကိုယ်ကဘယ်လိုလဲရမှာလည်း
ပုဆိုးမရှိဘာမရှိနဲ့"

"အရေးထဲ အရှက်ကသည်းနေပြန်ပြီ.. ခင်ဗျားမှာလဲ ပါတယ် ကျွန်တော့်မှာလည်းပါတယ် ယောက်ျားလေးချင်း အတူတူပဲကို.. ဘာတွေရှက်နေတာလဲ"

ခါးထောက်ကာပင် ဆိုလေသေးသည်။ သာမညပုံစံလေးကို သဘောကျသွားသည်မို့ စချင်လာ၍

"ဟာ မတူဘူး
ကိုယ့်ဟာက ပိုကြီးတယ်
ဟဲဟဲ"

ဟု စပ်ဖြီးဖြီးလေးဆိုတော့ မျက်လုံးပြူးပြကာ

"ဟေ့ဟေ့ အောက်လုံးတွေမပါကြေး... အဲ့ဒီလို
မဖြစ်နိုင်တာတွေ ပြောမနေပဲနဲ့
ကျွန်တော် ပြောတဲ့အတိုင်းပဲလုပ်..ကြားလား "

သာမညက သူ့ဘောင်းဘီကို ချက်ချင်း ပြေးယူကာသူ့ကိုပေး၏။
ဝတ်ပြီးသားဟု ထင်လိုက်သော်လည်း သာမညယူလာသည်က ဆလင်ဒါဘူးလေးနှင့် ဘောင်းဘီအသစ်ပင်။ အောက်ခံဘောင်းဘီကို ယခုပုံစံထုတ်ပိုးထားသည်များ ရှိမှန်း သူတစ်ခါမှမမြင်ဖူးခဲ့။ ဘူးလေးက လှသည်မို့ လှည့်ပတ်ကြည့်ရှုနေခိုက် သာမည၏စကားသံက ထွက်ပေါ်လာသည်။

Wish You Were GAYWhere stories live. Discover now