Part 5

64 5 0
                                    

"ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး.. သွေးလန့်သွားပုံရပါတယ်.. နောက်တစ်ခါကျရင်တော့ လူနာကို သေချာဂရုစိုက်ပေးပါ. လူနာသတိရလာရင်.ဆင်ခြင်ဖို့ မှာလိုက်ပါအုံး .. ပြီးရင် တစ်ခုခုထူးခြားတာရှိရင်လည်း ချက်ချင်းလာခေါ်ပေးပါ.. ဥပမာ ခေါင်းတအား ကိုက်တာမျိုးပေါ့ "

"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ "

* မင်းအစ်ကိုကို ပြုစုဖို့ ငါမင်းကို လွှတ်လိုက်တာလေ.. အခုတော့ မင်းကလူနာကုတင်ပေါ်တက်အိပ်နေရလား *

ဒေါက်တာကို တံခါးဝထိ လိုက်ပို့ပြီးသည်နှင့် ဦးဆွန်ထျောင်း တစ်ယောက် သူ့သားကိုစတင်ဆူပါတော့သည်။

* သားလည်း အောက်မှာပဲ အိပ်နေတာပဲကို.. ကအူးဘာသာ သားကို အပေါ်တင်ပေးတာနေမှာပေါ့ *

* ငါ ခေါက်လိုက်ရ.. အဲ့လိုဆိုလည်း ငြင်းပါလား.. ဟိုက လူနာလေ*

စကားက နောက်မှ လက်ကအရင်ရောက်နှင့်နေပြီးသား။ ဇက်လေးပုကာ ငိုမဲ့မဲ့ဖြင့် ဆန်းသယ်တစ်ယောက် ခေါင်းလေးပွတ်ရင်း ငြိမ်နေလိုက်ရသည်။

* ဘာလဲ ပွေ့ချီခံရမှန်းတောင် မသိလိုက်ဘူးမလား *

ခေါင်းအသာညိမ့်တော့

* အတော်အားကိုးရတဲ့ ငါ့သားပါလား ဟင်း *

စိတ်ပျက်စွာ ညီးတွားလိုက်ရသည်။ ဒီကလေးက ပုံဆွဲဖို့ကလွဲပြီး ဘာမှအားမကိုးရကြောင်း ဦးဆွန်ထျောင်း သိနေသော်လည်း သူ့အစ်ကို ကိုစောင့်ကြည့်ရုံလေးတင်မို့ လွှတ်ပေးထားမိသည်က သူ့အမှား။ မစောင့်ခိုင်းခဲ့ပါက နောင်းသည်လည်း ဘာမှဖြစ်မည်မဟုတ်။

"ဒေါက် ဒေါက်"

"ဝင်လာခဲ့မယ်နော်"

တံခါးခေါက်သံနှင့်တဆက်တည်း လူတစ်ယောက် အခန်းထဲ တံခါးဖွင့်ဝင်လာခဲ့သည်မို့ လှည့်ကြည့်မိတော့

"ဟာ ဆရာကြီး မဟုတ်လား "

ဝမ်းသာအားရ ဖြင့် နှုတ်ဆက်သော ထိုလူစိမ်းကို မြင်ဖူးသလို ရှိသော်လည်း မည်သူဖြစ်မည်မှန်း ဦးနှောက်က အစရှာမရ။

"ဟာ ကျွန်တော်လေဗျာ ဆရာကြီးရဲ့
လွန်းမောင် ပါဗျ... မုံရွာကလေဗျာ"

Wish You Were GAYWhere stories live. Discover now