Part 3

110 9 0
                                    

"ကျေးဇူးပါ ဆရာမ"

စပ်နေသောကြောင့် မျက်နှာရှုံ့မဲ့နေရင်းမှ ရှက်ရယ် ရယ်ရင်း ဆေးလိမ်းပေးနေသော သူနာပြု ကို ကျေးဇူးတင်စကားပြောလိုက်သည်။

အစက ခေါင်းပိုင်းသာ ကိုက်ခဲထုံကျင်ပါသော်လည်း ညကမိုးကြောင့် ခါး၊ခြေ၊လက်များရှိ ဒဏ်ရာများကပါ အစွမ်းပြလာကြသည်။ ခေါင်းမှလွဲ၍ အခြားနေရာများက ပွန်းပဲ့ရုံသာဆိုသော်လည်း အတွင်းဒဏ်ကြောင့်ထင်သည်၊ အတော့်ကိုနာကျင်ကာ ဆေးထည့်တော့ စပ်ဖျင်းဖျင်းနှင့် အခံရခက်လှ၏။

"ဒါဆို မနက်စာစားဖို့ ကျွန်မသွားပြင်လိုက်တော့မယ်နော်.. မျက်နှာသစ်ဖို့ကော ကူပေးဖို့ လိုသေးလား"

ဦးလေး မှ မနက်စာယူလာမည်ဟု ပြောခဲ့သော်လည်း ယခုထိရောက်မလာသေး၍ သူနာပြုကိုပဲ အားကိုးလိုက်ရသည်။ ရှိနေသည့် ကိတ်မုန့်များကိုတော့ သူစားချင်စိတ် လုံးဝမရှိ။

"ရတယ် ရတယ်
ကျွန်တော့်ဘာသာပဲ လုပ်လိုက်မယ်"

ဆေးလူးထားရာနေရာကို လေဖြင့်မှုတ်နေရင်းမှ အမြန်ပြန်ဖြေလိုက်ရသည်။

"ဟုတ်ကဲ့
ဒါဆို သွားပြီနော်.. ဪ မေ့တော့မလို့ ကိုးနာရီကျရင် တာဝန်ကျ ဆရာဝန် လာမယ်ပြောတယ်.. အဲ့ဒီအခါကျ အခြေအနေ အသေးစိတ် သိရပါလိမ့်မယ်.."

"ဟုတ်ကဲ့ပါ
ကျေးဇူးပါခင်ဗျ "

သူနာပြုက ပြောပြီးသည်နှင့် လှည့်ထွက်သွားတာမို့ သူလည်း မျက်နှာသစ်ရန် ပြင်ရပါတော့သည်။

မနေ့ညက သာမည၏သူငယ်ချင်းဆိုသူ ရောက်လာကာ သူ့ကို ကလေးမြို့ဆေးရုံမှ Private Hospital ရှိ  သီးသန့်ခန်းဆီ ပြောင်းရွှေ့ခဲ့တာကြောင့် သူ့အတွက်အစစအရာရာ အဆင်ပြေခဲ့သည်။ အထူးသဖြင့်  အနံ့အသက်စိမ်းတွေ မရတော့ခြင်းက သူ့ကိုအသက်ရှူချောင်စေလေသည်။

Special Nurse က ည (၈)နာရီထိသာ နေပေးပြီး ဦးလေး ကလည်း ဘုရားကျောင်းတွင် အရေးကြီးကိစ္စ ပေါ်လာ၍ ပြန်သွားရတာကြောင့် သူ့မယ် တစ်ယောက်ထဲ ငေါင်တောင်တောင်နှင့်ပင်။

ထို့ကြောင့် ကံကောင်းထောက်မ၍ ပျက်စီးမသွားသော ဖုန်း (မှန်ကွဲရုံ) ကိုသာ အားကိုးရပါတော့သည်။ Bill မရှိတာကြောင့် မချေးစဖူး (အတိုး ၆၀ မပေးချင်၍) bill ချေးပြီး တစ်ညလုံး Facebook ထိုင်သုံးနေခဲ့သည်။

Wish You Were GAYWhere stories live. Discover now