အပိုင်း(၁၄)

Start from the beginning
                                    

Jeonသတိမထားမိခဲ့တာက
သူအလိုလိုက်အကြိုက်ဆောင်
အတိုင်းထက်အလွန်ပုံအောချစ်ခဲ့လို့
သူ့ကလေးဟာ တစ်စက္ကန့်တောင်မရင့်ကျက်
နိုင်ခဲ့ဘူးဆိုတာပဲ။

ဆိုးခွင့်ရတဲ့ရင်ခွင်မှာခိုနားပြီးရင်
အဆိုးအဆာဖြစ်ရတဲ့ အရသာကိုမြည်းစမ်းပြီးရင်
အဲ့ဒီကလေးတွေက တခြားသောဘဝကဏ္ဍ
တွေမှာအဘယ်မျှရင့်ကျက်ပါသည်ဆိုဦးတော့
သူတ်ို့ဆိုးခွင့်ရာရ ရင်ခွင်မှာ ထာဝရကလေးတွေ
ဖြစ်ကုန်ခဲ့ကြတာပါပဲ။

~~~~~
ညနေစောင်းရေချိုးပြီးလိမ္မော်ရောင်အသစ်ပြောင်း
ထားသောဆံပင်တွေကိုJiminကသေချာစွာ
ပုံချနေသည်။ဒီဇိုင်းအဆန်းင်္အကျီနဲ့ဘောင်းဘီ
ကျပ်ကျပ်ကိုလဲလိုက်ကာ ရေမွှေးတွေမွှန်ထွန်
နေအောင်စွတ်လိုက်သည်။Accessories တွေ
ကိုအပြည့်အဝဝတ်ဆင်ကာ သီချင်းမြူးမြူးလေး
ဖွင့်လျှက် လိုက်ငြီးကာ အပြင်သွားဖို့ပြင်ဆင်နေသည်။

နားပေါက်တွေအားလုံးကိုနားကပ်တွေစီတန်း
တပ်နေတုန်းဖုန်းသံကြား၍ ကြည့်လိုက်တော့
Rio။

"Hello ....."

"ဘယ်မှာလဲ...."

"ခုမှရေချိုးပြီးတာ..."

"ကျွန်တော်နဲ့ ရေချယ်ရောက်နေပြီ..."

"ငါ့ကို ခဏစောင့် ငါမြန်မြန်ပြင်ပြီးလာခဲ့မယ်.."

"အလန်းဆုံးပြင်ပြီးလာခဲ့နော်
တစ်ညလုံးကဲရမှာ...."

"ကြားရုံနဲ့တောင် စိတ်တွေထ်ိန်းမရတော့ဘူး
ဒါပဲ ခုထွက်လာပြီ.."

"ကောင်းပါပြီ...."

ဖုန်းချလိုက်ကာမှန်ရှေ့တွင်အနီးတမျိုးအဝေး
တစ်မျိုးကြည့်လျှက်Mirror SefileလှလှလေးဆွဲကာIGပေါ်တွင်ချက်ချင်းတင်လိုက်သည်။

"ငါ တကယ်မိုက်နေတာပဲ...."

တင်ပြီးပြီချင်းပထမဆုံးLikeသည်Rioဆိုသော
နာမည်ဖြစ်နေသည်။ဖုန်းသုံးနေတုန်းမှာတွေ့၍
ပေးလိုက်တာမျိုးလည်းဖြစ်နိုင်တာကြောင့်
မဆန်းသော်ငြား ပုံတိုင်းပုံတိုင်းJust Nowမှာ
First like ကတော့ ဆန်းနေပြီလေ။

အက်ကြောင်းကဗျာ🍂Where stories live. Discover now