ယာဉ်ပျံကနာရီစင်ထက်မှာ ရပ်တန့်သွား၏။ လင်ရှီးထိုင်ခုံမှထကာ ပြတင်းပေါက်နားမှာရပ်လိုက်သည်။ နာရီစင်ကအလွန်မြင့်မားစွာဆောက်ထား၏။ ပတ်ပတ်လည်ကအဆောက်အဦးတွေနဲ့ယှဉ်ကြည့်ပါက အမြင့်ဆုံးတစ်ခုလို့တောင်ပြောလို့ရပေသည်။

     ဒီပတ်ဝန်းကျင်မှာအထင်ရှားဆုံးအဆောက်အဦးပင်။

    နာရီစင်ကိုကြည့်လိုက်တော့ လက်တစ်ကမ်းစာအတွင်းရှိနေပုံရကာ ထူးဆန်းတဲ့စိတ်ခံစားချက်တစ်ခုက လင်ရှီးမျက်ဝန်းအတွင်းပေါ်လာခဲ့၏။

     ချင်ရှောင်းကသူ့ကိုဘာမှမပြောပေမယ့် အရာအားလုံးက သူ(ချင်ရှောင်း)က သူ့ကိုပိုင်ဆိုင်တယ်ဆိုသည့်အချက်အပေါ်အခြေခံထားတာပဲဖြစ်သည်။ လင်ရှီးသူ့ကံတရားကို သူ့လက်နှင့်သူထိန်းချုပ်ချင်နေဆဲပဲဖြစ်သည်။

    သူနာရီစင်အထက်မှာ မိနစ်အနည်းငယ်မျှရပ်ပြီးနောက် လင်ရှီးထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်သည်။ [T/N- ယာဉ်ပျံကရပ်ထားတာပါနော်၊ လူကနာရီစင်ပေါ်ရပ်တာမဟုတ်ပါဘူး]

     ယာဉ်ပျံကပြန်လှည့်ကာ အိမ်သို့ပြန်သွားလိုက်၏။

    အပြန်လမ်းကအသင့်ဆုံးသော တိုက်ရိုက်လမ်းကြောင်းဖြစ်ပြီး မျဉ်းဖြောင့်တစ်ကြောင်းနှင့်တူတယ်လို့တောင်ပြောလို့ရသည်။

   မြေပြင်ထက်မှာပျံသန်းနေတာနှင့်မတူစွာ ယာဉ်ပျံကမြေပြင်ပေါ်မှာလိုမီးပွိုင့်စည်းမျဉ်းရန့်သတ်ချက်တွေမပါဘဲ အလိုအ‌လျောက်မောင်းနှင်လို့ရသည်။ လင်ရှီးရဲ့ထိုင်ခုံကပြတင်းပေါက်၏ ဆန့်ကျင်ဘက်မှာဖြစ်နေပေမယ့်လည်း အဲ့တာကိုဖြတ်ပြီးမြေပြင်ပေါ်က အခြေအနေတွေကိုသူကြည့်လို့ရသည်။

    ယာဉ်ပျံကအမြင့်ကြီးမပျံပေ။ ရေသူတစ်ကောင်အနေနဲ့ သူ့ရဲ့အာရုံငါးပါးကလူတွေထက်ပိုပြီးထက်မြက်၏။

     လင်ရှီးမှာအဆင့်မြင့်မှတ်ဉာဏ်တွေရှိပြီး ဘယ်တော့မှမမေ့တတ်ချေ။

    ယာဉ်ပျံကပျံသန်းနေရင်တောင် လင်ရှီးသူမြင်ခဲ့တဲ့လမ်းတွေအကုန်လုံးကို စိတ်ထဲမှာမှတ်ထားနိုင်ပြီး စိတ်ထဲမှာ3Dပုံစံငယ်ကိုတည်ဆောက်လိုက်၏။

The Villain Dressed As a Little MermaidWhere stories live. Discover now