မြတ်လေးကတော့ အချိုရည်ပုလင်းများကိုကတ်ဖာထဲမှထုတ်နေရင်း အနီးနားတွင် တကုတ်ကုတ်အလုပ်လုပ်နေသော လက်သမားဆရာကြီးကိုကျော်ကာ သီချင်းတအေးအေးဖြင့် မီးလုံးတပ်နေသည့် ခန့်ညားချောမောနေသည့် သူ့အမျိုးသားဆီသို့အကြည့်ရောက်နေသည်။

သူ့ကိုစိုက်ကြည့်နေတာကိုသိသည့်ခန့်မင်းညိုက ရုတ်တရက်ကြီး မြတ်လေးကို လှည့်ကြည့်လာကာ မျက်စိတစ်ဖက်မှိတ်ပြသောကြောင့် မြတ်လေးမှာ မျက်နှာပူလာပြီး အလျင်အမြန်မျက်နှာလွှဲလိုက်ကာ အယောင်ယောင်အမှားမှားဖြင့်ထပြီး ကတ်ဖာထဲမှထုတ်ထားသော အချိုရည်ပုလင်းများကို ငံပြာရည်ပုလင်းများတင်ထားသောစင်ပေါ်တွင် သွားတင်လိုက်မိသည်။

သူဘာလုပ်မိသွားလဲ သတိကပ်သွားသည့်အချိန်မှ မြတ်လေးမှာ အချိုရည်ပုလင်းများကို ငံပြာရည်ပုလင်းစင်ပေါ်မှ အမြန်ပြန်ယူပြီး အချိုရည်ပုလင်းထားသည့်စင်ပေါ်သို့ ပြန်ပြောင်းလိုက်ရသည်။

ထိုအဖြစ်အပျက်ကိုမြင်လိုက်သည့် ခန့်မင်းညိုကတော့ တ ဟား ဟား ဖြင့်အော်ရယ်လေတော့သည်။

ခန့်မင်းညို၏ရယ်သံကြောင့် မြတ်လေးလည်းရှက်သွားသဖြင့် ခန့်မင်းညိုကိုကျောပေးကာ ရောင်းသည့်ဆန်ကြမ်းပုံးထဲမှ စပါးလုံးများကိုရွေးကာ အပြင်ဘက်သို့လွှင့်ပစ်နေတော့သည်။

ကြားထဲမှာအလုပ်လုပ်နေသော လက်သမားဆရာလူပျိုကြီး ကိုစံလင်း : သောက်လင်မယားတွေ လူရှေ့သူရှေ့မရှောင် ကျီစားပြနေသေးတယ် ... မဖြစ်ဘူး ... ဟိုဘက်ရွာက လူပျိုကြီးကိုမျိုးမြင့်ဆီကနေ အဖြေအမြန်တောင်းပြီး မြန်မြန်တောင်းရမ်းလက်ထပ်ယူရမယ် .... ငါယောက်ျားရပြီးလို့ကတော့ကွာ .... အဟင်းဟင်း .... တစ်ရွာလုံးကိုပတ်ပြီး ချစ်ကြည်နူးတစ်တီတူးပြလိုက်ဦးမယ်

ခဲနယ်ရွာက လူပျိုကြီး ကိုမျိုးမြင့် : ဟပ် .... ဟပ် .....ဟပ်.....ဟပ်ချိုး

===========================================================

ကိုစံလင်းက ကျွမ်းကျင်သောလက်သမားဆရာတစ်ယောက်ဖြစ်တာကြောင့် ၈ပေရှိသော အခန်းနံရံလေးတစ်ဖက်သာ လုပ်ရသည့်အတွက် အချိန်သိပ်မကြာလိုက်ပေ။ အကုန်ပြီးစီးသွားသည့်အချိန်၌ ခန့်မင်းညိုက ကျသင့်သောလက်သမားခကိုပေးပြီးနောက် ကိုစံလင်းအား ပြောလိုက်သည်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now