မင်းမြတ်သူမှာတော့ သူ့ကို မျက်တောင်မခတ်စိုက်ကြည့်နေသော ကိုညိုကြောင့် အနေရခက်လာ၏။

"ကိုညို သက်သာလားဟင်"

"ဟမ်"

သူ့အရှေ့က ကောင်လေး၏ အသံကြားမှ ခန့်မင်းညိုတစ်ယောက် ငမ်းကြောထနေရာမှ အသိဝင်လာခဲ့သည်။

ထို့အချိန်၌ပင် သူ၏ခေါင်းကနာနာကျင်ကျင် ထိုးကိုက်လာသောကြောင့် ခန့်မင်းညိုခေါင်းကိုကိုင်ရင်း အော်ညည်းမိသွားသည်။

" အား....ခေါင်းကိုက်လိုက်တာ "

မင်းမြတ်သူ ကိုညို၏နာနာကျင်ကျင်ညည်းညူနေသောအသံကြောင့် ပျာယာခတ်သွားရသည်။

မည်မျှပင်ဆိုးသွမ်းပြီး သူ့အပေါ်မကောင်းစေကာမူ ထိုသူက သူ၏ကာမပိုင်အမျိုးသား အိမ်ထောင်ဦးစီးပင်မဟုတ်လား။

ဝတ္တရားအရတော့ ဂရုစိုက်ပြုစုပေးရဦးမှာပင်။

"ခဏလေးလှဲအိပ်နေလိုက်နော်ကိုညို ... ကျွန်တော် ဆေးဆရာသွားပင့်လိုက်ဦးမယ် "

ထိုသို့ဆိုကာ မင်းမြတ်သူတစ်ယောက် ဆေးဆရာကိုပင့်ခေါ်ရန် အခန်းအတွင်းမှ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

ခန့်မင်းညိုမှာတော့ ခေါင်းကိုက်သဖြင့်မျက်လုံးစုံမှိတ်ထားရာမှ သူ့၏မြင်လွှာအတွင်း ရုပ်ရှင်ပြသကဲ့သို့ ပုံရိပ်များပေါ်ပေါက်လာခဲ့သည်။

ထိုပုံရိပ်များမှာ သူနှင့် ဘာမှမအပ်စပ်ပေ။

ဘာတွေဖြစ်နေလဲ သူမသိတော့။

ဒီစိမ်းသက်နေတဲ့ နေရာကိုလဲ သူမသိသလို ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာခဲ့မှန်း သူမသိ။ ခုနက သူနှင့်တွေ့ခဲ့သောကောင်လေးကိုလဲ သူမသိ။

မနေ့ညက သူဇာတ်လမ်းတွဲကြည့်ရင်း ရေသီးသွားပြီးနောက် အသက်ရှူကြပ်ကာလောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတာကိုတော့ ခန့်မင်းညိုမှတ်မိသည်။

ခန့်မင်းညိုကုတင်ပေါ်တွင်ထိုင်နေရင်းက ကုတင်ခြေရင်းဘက်သို့ကြည့်လိုက်မိတော့ မှန်တစ်ချပ်ကိုတွေ့ရပြီး ထိုမှန်ပေါ်တွင်ပေါ်နေသည်က သူနှင့် ခပ်ဆင်ဆင်ရှိသည့် အသားညိုညိုနှင့် အမျိုးသားတစ်ဦး၏ပုံရိပ်။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now