"ပြောပါအုံး ကိုယ့်ငယ်က ဘာလို့စိတ်ဆိုးနေတာလဲ "

ပါးပြင်လေးကို နမ်းရှိုက်ရင်း မေးတော့ မျက်စောင်းက ဒိုင်းကနဲရောက်လာပြီး ပြန်ဖြေ၏။

"မဆိုးပါဘူး "

"ဆိုးနေပါတယ် "

"ဘယ်သူက ဆိုးနေလို့လဲ "

"ငယ်လေ ကိုယ့်သည်းသည်းလေး "

"ဟုတ်တယ် ဆိုးတယ် သွားချင်နေပါပြီဆို မင်းတို့အလုပ်တွေက မပြီးဘူး အရင်ကဆို သွားချင်တာနဲ့ ချက်ချင်း လိုက်ပို့တာ အခုတော့ဖြင့် မင်း ငါ့ကို မချစ်တော့ဘူးမှတ်လား Vachirawit "

တွေ့လား မဆီမဆိုင်တွေ။အခုနောက်ပိုင်း သူ့အဖေဖြစ်သူကပါ ကြည်ဖြူလာပြီးမို့ Win metawin လေးဟာ ပိုပြီး ဂျစ်တူးကျကာ ဆိုးသွမ်းလာတော့၏။

"ဟောဗျာ "

ရင်ခွင်ထဲကနေ သူ့ကို စူးစူရဲရဲကြည့်ကာ နှုတ်ခမ်းစူနေသူရဲ့ နှုတ်ခမ်းတွေကို ဖိကပ်နမ်းလိုက်ရင်း Vachirawit ရယ်မိတော့၏။

"ဘုန်း! ရယ်စရာပါလား "

ရင်ဘတ်ကို ထုရိုက်ကာ မေးလာတဲ့သူ။ပါးပြင်နုနုကို ထပ်မံနမ်းရှိုက်ကာ အဖြေပေးမိ၏။

"မပါပါဘူး "

"အင့်! အဲ့ဒါဆို ဘာလို့ရယ်နေတာလဲ "

"အသဲယားလို့ "

"မယားနဲ့ "

"နမ်းအုံးမယ် ပေးနမ်းပါအုံး "

"မနမ်းနဲ့ မရဘူး "

"ငိုအောင် မနမ်းဘူး ခဏဘဲ "

"မရဘူး "

"နော်လို့ ငယ် "

စကားဆက်မပြောတော့ဘဲ ရင်ဘတ်ပေါ် မျက်နှာလေး အပ်လာတော့ ခွင့်ပြုလိုက်ပြီမှန်း သိလိုက်ပြီ။မျက်နှာလေးကို ဖြေးဖြေးချင်း မော့ယူပြီး ဂိုဏ်းချုပ်မျက်နှာနုနုလေးကို အနမ်းတွေခြွေချမိ၏။မျက်နှာနုနုလေးက နှင်းဆီဖြူပွင့်လေးလို။ဖြူစင်အေးချမ်းပြီး မွှေးပျံ့သင်းမြနေ၏။နှင်းဆီပွင့်ဖက်ကလေးလို အထိအတွေ့က Vachirawit ကို အရူးအမူးဖြစ်စေ၏။ဘယ်လောက်နမ်းနမ်း နမ်းမဝနိုင်သောလေး။

"တော်ပြီ "

လွှတ်ပေးလိုက်တာနဲ့ မျက်နှာကို ရင်ခွင်ထဲ ထည့်ဖွက်၏။တစ်ကိုယ်လုံးကို ပွေ့ပွေ့ပိုက်ပိုက်ဖြင့် မြတ်နိုးလို့ကို မဝ။

Always With You (Completed)Where stories live. Discover now