အင်္ကျီအတွင်းက လက်မှာတော့ စကားနားမထောင်တဲ့အပြင် ပိုပြီး အထိန်းအကွပ်မဲ့စွာ ထိတွေ့လာတယ်၊ လက်တစ်ဖက်က အရှေ့ပိုင်းကိုကျူးကျော်လာပြီး ရင်ဘတ်ကို ဆုတ်နယ်နေတယ်။

ထိုလက်ကို ရင်းချယ် လှမ်းဖမ်းပြီး တားလိုက်ချင်ပေမယ့် သူ့ရဲ့လှုပ်ရှားမှုကို မမြင်နိုင်တဲ့အရာတစ်ခုခုက ထိန်းချုပ်လိုက်သလိုမျိုး လေးလံခက်ခဲသွားရတယ်။

ချီး! Alpha pheromone တွေ

ကျန့်ယောင်က ပိုမိုဆိုးသွမ်းလာတယ်။ ဒူးတစ်ဖက်က သူ့ခြေထောက်နှစ်ချောင်းကြားကို အတင်းတိုးဝင်လာပြီး တစ်နေရာကို လှမ်းကိုင်တယ်။
"မာနေပြီပဲ?"

ရင်းချယ်လည်း အောက်က ကျန်ယောင်ရဲ့အရာကို ပြန်ထိလိုက်တယ်။
"မင်းရော မမာလို့လား?"

"မင်းကို အရင်ဖြေရှင်းပေးမယ်"

ရင်ဘတ်ပေါ်က လက်မှာ ရုတ်တရက် အားသုံးကာ ဆွဲဖျစ်ညှစ်လာတယ်။ ရင်းချယ်ဆီက ညည်းသံတစ်ချက်ထွက်လာပြီး ခြေထောက်ကလေးတွေလည်း ကုပ်သွားတယ်။

အခန်းထဲမှာက မီးဖွင့်ထားတာမှ လင်းထိန်နေတာမို့ သူ့ရဲ့အမူအရာတစ်ခုချင်းစီတိုင်းက ကျန့်ယောင်ရဲ့မျက်လုံးကနေ ပြေးမလွတ်ပေ။

ပြီးမြောက်တဲ့ချိန် မျက်နှာအမူအရာကအစပေါ့

ကျန့်ယောင်က သူ့ကျောကို ပွတ်သပ်ကာ ချော့မြူတယ်။ ဘောင်းဘီထဲကလက်ကို ထုတ်လာပြီး စိုစွတ်နေတဲ့ လက်ချောင်းတွေကို လှည့်ပတ်ကြည့်ကာ မျက်မှောင်ကြုတ်တယ်။
"မင်းကိုယ့်ဘာကိုယ် လုပ်ထားတာလား?"

ရင်းချယ်က လည်ချောင်းကို ဆန့်လိုက်ကာ မောဟိုက်နေစွာနဲ့ အကြည့်တွေရှောင်ဖယ်ကာ
"....အင်း"

ကျန့်ယောင်က သူ့နှုတ်ခမ်းတွေကို နမ်းကာ ခပ်တိုးတိုးလေသံနဲ့ မေးတယ်။
"လုပ်တုန်းက ကိုယ့်ကိုတွေးနေရဲ့လား?"

ဒီလူဟာ အမြဲတမ်း ရှက်စဖွယ်စကားတွေကို ပြောလည်း ပြောထွက်နိုင်လွန်းပါတယ်။

"ပါးစပ်ပိတ်"
ရင်းချယ်က လက်တစ်ဖက်နဲ့ မျက်လုံးတွေကို အုပ်ကာ လှည့်ပြီး ရေချိုးခန်းထဲဝင်သွားတော့တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now