Chapter - 16

8.4K 1.7K 348
                                    

ရင်းချဲယ်မှာကား ‌မပေါက်ကွဲပဲ၊ ထို့အစား ကျန့်ယောင်ရင်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲကုန်တော့သည်။ 

သူ့အနေနဲ့ နူးညံ့တာလေးတွေ၊ အမွှေးပွပွလေးတွေ၊ ဖွေးဖွေးဥဥလေးတွေဆို အကောင်သေးသေးလေးဖြစ်စေ လူပေါက်စလေးဖြစ်စေ ဘယ်တုန်းကမှ ‌တောင့်ခံနိုင်ရိုးမရှိခဲ့ပေ။ ၀မ်ရှောင်ရို့လေးငယ်တုန်းကလည်း သူမရဲ့ကောကောဆီက သူမပါးမို့မို့လေး‌တွေ ဘယ်နှစ်ကြိမ်လောက်များတောင်အဖျစ်ခံရလဲဆိုတာ ရေတောင်ရေတွက်နိုင်မည်မဟုတ်ပေ။

သူဟာ အခုရင်းချဲယ်ရဲ့အပြုမူတွေနဲ့ နေသားကျလာပြီဖြစ်သည်ကြောင့်၊ သူတို့စစတွေ့တုန်းက ဒီကောင်စုတ်လေးအပေါ် သူမြင်မိတာက နူးနူးညံ့ညံ့နဲ့ယုန်‌ဖြူလေးဆိုတာ သူမေ့သွားသည်။

ဒီယုန်‌ပေါက်လေးက 1.8metersရှည်ပြီး ထိတ်လန့်ဖွယ်သဘောထားစရိုက်လေးနဲ့ အထိမခံစည်းကမ်းရှိတယ်ဆိုသော်ငြား လိမ်လိမ်မာမာလေးပြုမူချိန်မှာတော့ အားကြီးချစ်ဖို့ကောင်းသား။

‘’ဒီလိုမျိုးလျှောက်ရင်လည်း ရတယ်မလား၊ လောင်ရှီး?”
ရင်းချဲယ်မေးလိုက်သည်။

ချန်းရှုမေလည်း လက်မခံချင့်ခံချင်နှင့် လက်ခံလိုက်ရပြီး နှာမှုတ်၍ ရုံးခန်းဆီလှည့်ထွက်သွားတော့သည်။

ကျောင်းသားတွေကတော့ ကျောင်းဆင်းလို့ စာသင်ခန်းကိုယ်စီကနေ အစုလိုက်အပြုံလိုက်ထွက်လာကြကာ ကောရစ်တာမှာလည်းကျောင်းသားများဖြင့် ပြည့်လို့ ဆူညံစည်ကားနေလေသည်။ လက်ချောင်းလေးနဲ့တို့ရုံနဲ့ လူတိုင်းကိုထရိုက်တတ်တဲ့စရိုက်နဲ့ Class 1က ကျောင်းလူဆိုးလေးက အခုများတော့ဖြင့် alphaတစ်ယောက်ရဲ့အင်္ကျီစကို သူ့ဘက်ကအရင်စကိုင်ပြီး နောက်က နာနာခံခံလေးလိုက်သွားသည့် မြင်ကွင်းကို ဖြတ်သွားသည့် ကျောင်းသားများ မျက်မြင်ကြုံလိုက်ကြရသည်။

ကမ္ဘာ့အံ့ဖွယ်ပဲ

ကျန်းခဲ့တစ်ယောက် စာသင်ခန်းထဲက ထွက်လာချိန် ဤမြင်ကွင်းကို မြင်လိုက်ရလေရာ မိုးကြိုးပစ်ခံလိုက်ရသလိုပင်ဖြစ်သွားသည်။
‘‘.....ယောင်ကောကတော့ တကယ့်ကို နတ်ဘုရားပဲဟေ ငါတို့ရဲ့ဘော့စ်ရင်းကိုတောင် နှိပ်ကွပ်နိုင်တယ်....’’

Pay Attention To Me [Myanmar Translation]Where stories live. Discover now