Chapter - 85

7.4K 1.4K 158
                                    

သုံး‌လေးရက်ကြာပြီးတဲ့နောက်တော့ ပို့စ်ရဲ့အရှိန်က အနည်းငယ် လျော့သွားတယ်။

နှစ်စဉ်ကျောင်းအားကစားပွဲနား နီးလာတာကြောင့်လည်း ပါတာပေါ့။

တတိယနှစ်တွေပါ၀င်ခွင့်ရတဲ့ ပွဲလမ်းသဘင်အနည်းအကျဉ်းထဲက တစ်ခုဖြစ်တာမို့ ကျောင်းသားတွေမှာ အလွန်ပင် တက်ကြွနေကြတယ်။ အရင်ကဆို ၀င်ပြိုင်ဖို့စာရင်းသွင်းအောင်ကို အားကစားကော်မတီကိုယ်စားပြုက လှည့်လည်‌ဆွဲဆောင်ခယနေရပေမယ့် ဒီနှစ်တော့ ကြေညာသံကြားတာနဲ့ကို သူ့အလိုလိုလာသွင်းကြဝောာ့တာပဲ။

သူတို့အတွက် ဒါ နောက်ဆုံးအကြိမ်ပဲမလား။

ခုချိန်မှာမှ အမှတ်ရစရာတွေ သူတို့ဖန်တီးမထားခဲ့ရင် ငယ်ဘ၀က ဒီလိုနဲ့ အဆုံးသတ်တော့မယ်လေ။

အပြည့်လုနီးပါးဖြစ်နေတဲ့ ဖောင်ကိုကြည့်ရင်း ကောကျစ်ရှုန်းတစ်ယောက် မျက်ရည်ကျလုမတတ် ကြည်နူးပီတိဖြစ်ရတယ်။
‘‘ခက်ခက်ခဲခဲနဲ့ နောက်ဆုံးမယ်တော့ ငါတို့အခန်းထဲက ယောက်ျားသားတွေ နိုးကြားလာကြပြီပေါ့၊ တခြားဘယ်သူ စာရင်းသွင်းဦးမလဲဟေ့? နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ကိစ္စမရှိဘူး၊ အရေးအကြီးဆုံးက ပါ၀င်ယှဉ်ပြိုင်မှုပဲ!”

ဟန်မုန့်က : ‘‘ငါ မီတာတစ်ထောင်ထပ်ပြိုင်ချင်တယ်”

ကောကျစ်ရှုန်း : ‘‘ထွက်သွားစမ်း!”

မီတာတစ်ထောင်အတွက် တာ၀န်ကိုတော့ ကျန့်ယောင်ဆီ သူ သဘောတူတူမတူတူ လွှဲပေးလိုက်တယ်၊ မျှော်လင့်ချက်အပြည့်နှင့်ပေါ့။ ပထမမှ ရမလာရင်တော့ ကောင်းကောင်းပြန်မလာခဲ့နဲ့ပဲ။

ဒီတစ်ခေါက်တော့ ရင်းချဲယ်က စိတ်ပါမနေတာမို့ အိပ်,ထ,မ,တင် ပြိုင်ပွဲကိုပဲ ပြီးသလွယ် စာရင်းသွင်းလိုက်တယ်။

ကောကျစ်ရှုန်းက မနှစ်က ဒိုက်ထိုးရင်းနှာခေါင်းသွေးယိုတဲ့ အဖြစ်ကို ပြန်အမှတ်ရပြီး မရဲတရဲနဲ့ ခပ်တိုးတိုးမေးတယ်။
‘‘ချဲယ်ကော အဆင်တော့ပြေလောက်တယ်မလား ဟင်? ချဲယ်ကောမလုပ်နိုင်ရင်လည်း တခြားလူတွေရှိပါသေးတယ်”

ရင်းချဲယ်က ယုံကြည်ချက်ရှိရှိပဲ သူ့နာမည်ကို သပ်သပ်ရပ်ရပ် လက်မှတ်တစ်ချက်ထိုးလိုက်ပြီးသည်နှင့် သူ့ကိုခပ်စူးစူးတစ်ချက် မော့ကြည့်လာတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now