Chapter - 101

6.6K 1.1K 85
                                    

နှစ်ရက် သုံးရက်ခြားတစ်ခါမှာဆို စာမေးပွဲအသေးစားလေးတွေ၊ လတိုင်းလိုလိုမှာဆို စာမေးပွဲကြီးတွေ ဖြေနေရတာမို့ နှစ်ဆုံးစာမေးပွဲလည်းရောက်လာရော တတိယနှစ်ကျောင်းသားတွေဟာ အရင်ကနှစ်ဆုံးစာမေးပွဲတွေလို စိတ်လှုပ်ရှားတာတွေ စိုးရိမ်ပူပန်တာတွေ မရှိတော့ပေ။

သို့ပေမယ့် စိတ်မလှုပ်ရှားဘူးဆိုတိုင်း စာတွေ အမှတ်တွေကို ဥပေက္ခာပြုထားခြင်းလို့တော့ မဆိုလိုပေ။

"ကောင်းကင်ဘုံ နတ်ဒေဝါသကြား ဗုဒ္ဓ ဘုရား တပည့်တော်အဆင့်တက်ဖို့ ဆောင်မတော်မူပါ...."
ကျန်းခဲ့က လက်ဆယ်ချောင်းကိူ ဆုပ်ယှက်လို့ မျက်စိမှိတ်ဆုတောင်းတယ်။

ဖြတ်လျှောက်သွားတဲ့ ကျန့်ယောင်က ရင်ဘတ်မှာ ကြက်ခြေခတ်ပုံစံ ဆွဲလိုက်ပြီး
"ကံကောင်းပါစေ Amen"

အနောက်က ရင်းချယ်က သူ့ကိုခြေထောက်နဲ့ ကန်တယ်။
"သူများက ဗုဒ္ဓကိုးကွယ်တာ၊ မင်းက ဘုရားရှင်လား?"

"နှစ်ခါဆုတောင်းတော့ ကောင်းချီးနှစ်ခါရတာပေါ့"

...

ကျန့်ယောင်ရဲ့ ပေါက်တက်ကရ သီအိုရီက တကယ်ပင် အလုပ်ဖြစ်ခဲ့လေတယ်။ အမှတ်လည်းထွက်လာရော ကျန်းခဲ့က 60ကျော်တောင် ရတယ်။ အဆင့်လိုနဲ့တွက်ရင် သိပ်မမြင့်သေးဘူးဆိုပေမယ့် တကယ်တိုးတက်လာတယ်လို့ ဆိုရမယ်။

"မာမားရေ ပထမဆုံး အမှတ်များများရအောင် ဖြေဖူးတာပဲ ဝူးဝူးဝူး....."
ကျန်းခဲ့က အဆင့်စာရွက်ကို ကလေးတစ်ယောက်လို အတင်းဖက်ထားရင်း
"ငါ တကယ်ကြီး သင်္ချာအောင်ခဲ့ပြီ၊ သမိုင်းတစ်လျှောက် ပထမဆုံးပဲ ဝူးဝူး... ယောင်ကောရဲ့ အားပေးစကားအတွက် ကျေးဇူးပါ၊ စာပြပေးတဲ့ ရီလဲ့ကိုလည်း ကျေးဇူးတင်တယ်၊ စိတ်ရှည်လက်ရှည်လုပ်ပေးတဲ့ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ အသိအမှတ်ပြုပေးတဲ့ ကျောင်းတော်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်...."

ချန်ရင်းရင်း : "တော် တော် တော် နင့်ကိုယ်နင် ဆုရလို့ကျေးဇူးတင်ဂုဏ်ပြုစကားပြောနေတယ်များ မှတ်နေလား?"

အတန်းချိန်ရောက်တော့လည်း ဝူကောကျုံက ကျန်းခဲ့ကို ချီးကျူးသွားသေးတယ်၊ အဲ့မှာပဲ နောက်တစ်ခါပြန် စိတ်ကြွလာပြီး တစ်တန်းလုံးကို ပတ်ကျေးဇူးတွေတင်နေလို့ ချန်ရင်းရင်းက တားယူရတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now