Chapter - 106

8.7K 1.2K 88
                                    

ဒီနေရာမှာ ကြာကြာဆက်နေလို့မရတော့ပေ။

မပြန်ခင် ရင်းချယ်ကို ရင်းဇယ်က သူနဲ့အတူ အိမ်ပြန်လိုက်ခဲ့ဖို့ ဖျောင်းဖျသွားသေးတယ်။အပြင်ကနေ လှမ်းချောင်းကြည့်နေတဲ့ လူကို ရင်းချယ် တစ်ချက်လှည့်ကြည့်လိုက်ပြီး :
"မလိုက်တော့ဘူး၊ ဒီရက်ပိုင်း သူနဲ့.....ကိစ္စလေးရှိလို့၊ ပါးနဲ့မားကိုလည်း ပြောပေးထားပါဦး အိမ်ပြန်မလာသေးတဲ့အကြောင်း"

ရင်းဇယ်ရဲ့ မျက်ဝန်းတွေမှာ တစ်ခါပြန်ရဲလာတယ်။
"ကော ကောသူ့ဆီက အမှတ်အသားလုပ်ခံရပြီးသွားပြီမလား?"

"....ဘယ်လိုလုပ်သိတာလဲ?"

"ကောကိုယ်က သူ့အနံ့တွေချည်းပဲ၊ ပြင်းလွန်းလို့ ကောဆိုင်ထဲ စဝင်လာကတည်းက ငါရတယ်"
ရင်းဇယ်က အံကြိတ်ပြီး မကျေမချမ်း ပြောလာတယ်။
"မနေ့က သူကောကို ထိန်းချုပ်ဆေးသုံးဖို့ ခေါ်သွားတုန်းက ကောအားနည်းနေတာ အခွင့်ကောင်းယူပြီး သူအတင်းအဓမ္မ အမှတ်အသားလုပ်လိုက်တာမလား? သူ့ရဲ့ဝံပုလွေလို အကြံအစည်တွေကို ငါသိတာပေါ့၊ အဲ့ဒီမျိုးရိုးကျန့်ကောင်က သောက်လူမဆန်တဲ့ကောင်!"

"........"

ဒီလိုကိစ္စတွေ သူ့ညီရှေ့မှာပြောရတာ တကယ်ရှက်စရာမို့ သူကိုယ်တိုင်ကိုက လိုလိုလားလားလုပ်ခဲ့တဲ့အကြောင်း ရှင်းပြပြီးတဲ့နောက်တော့ ရင်းချယ် ခပ်သုတ်သုတ်ပဲ စကားစဖြတ်ခဲ့လိုက်တော့တယ်။

ပြောရရင် ဒီရန်ဘက်နှစ်ယောက် လမ်းမပေါ်မှာ သတ်ဖြတ်နေမယ့်အဖြစ်ကိုလည်း သူစိုးရိမ်ရသေးတယ်။

ဒီကနေ့ လေကသိပ်မထန်ပေသည့် အပူချိန်ကတော့ အရမ်းနိမ့်တယ်။ အပြင်မှာတစ်နာရီနီးပါးစောင့်နေခဲ့တာကြောင့် ကျန့်ယောင်ရဲ့ လက်တွေရော ခြေထောက်တွေပါ အေးစက်နေတယ်။ ရင်းချယ်ထွက်လာတာမြင်မြင်ချင်း သူက လက်တွေကို နွေးအောင်ပွတ်ပြီး ရင်းချယ်မျက်နှာလေးကို အုပ်ကိုင်လိုက်တယ်။
"မျက်လုံးတွေက ဘာလို့ရဲနေတာလဲ? အပေါက်ဆိုးတိတိက မင်းကို ငိုအောင်လုပ်လိုက်တာလား?"

"မငိုပါဘူး"

နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ နားလည်မှုလွဲခြင်းကို ဖြေရှင်းပြီးသွားတဲ့အခါမှာတော့ ရင်းဇယ်တင် မဟုတ်ပေ၊ သူကိုယ်တိုင်လည်းပါ ခံစားချက်တွေမတည်မငြိမ် ဖြစ်ရတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now