Chapter - 99

6.8K 1.2K 138
                                    

နှစ်သစ်ကူးကျောင်းပိတ်ရက်ပြီးလို့ ပြန်လာတော့ သူ့ထိုင်ခုံဖော်ကို ကျန်းကျောက်ကျူးခေါ်သွားတုန်း ရင်းချယ်လည်း Class 5ဘက် ထွက်ခဲ့လိုက်တယ်။

"ဆုချီ၊ ခနထွက်ခဲ့"

Class 5ထဲက နည်းနည်းသတ္တိရှိတဲ့ ကျောင်းသားတချို့က အခန်းထဲကနေ ပြန်အော်လာတယ်။
"ဘာဖြစ်ပြန်ပြီလဲ သခင်လေးရင်း ငါတို့အတန်းဖော်ကို ထပ်ပြီး အနိုင်ကျင့်ဦးမလို့လား?"

ပြောတဲ့သူက ရင်းချယ်လည်း လှမ်းကြည့်လိုက်ရော ချက်ချင်းကိုယ်ကို ရို့သွားတယ်။ နောက် တိုးတိုးတိုးတိုးလည်း ပြောသေးတယ်။
"ဘာတဲ့ ပြောတော့ omegaတဲ့၊ ကျိန်းသေ ကျောင်းလူဆိုးကြီးဟာကို...."

သူ့ကိုကြောက်နေပုံရတဲ့ ဆုချီကတော့ သူမရဲ့ထိုင်ခုံဖော်ဖြစ်တဲ့ ထန်ရှရှကိုပါ ဆွဲခေါ်လာတယ်၊ ထန်ရှရှဘေးနားကပ်နေရင်း သူမက တုန်တုန်ရီရီနဲ့ မေးလာတယ်။
"ဘာကိစ္စရှိလို့လဲ...."

ရင်းချယ်က သူ့လက်ထဲက milk teaဘူးကို လှမ်းပေးတယ်။
"မင်းကို ပြန်ပေးတာ"

ဒါကလည်း ကန်တင်းကနေ ဝယ်လာခြင်းဖြစ်ကာ အရင်တစ်ခေါက်က ဘူးနဲ့ တစ်ထေရာတည်းဖြစ်တယ်။

ဆုချီက နှုတ်ခမ်းကိုကိုက်ရင်း ထန်ရှရှရဲ့ အင်္ကျီစကိုဆွဲထားတယ်။
"ရတယ်ရယ် နင့်ဟာနင် သောက်လိုက်"

"မင်းကိုပေးမှတော့ မင်းဟာပေါ့"
ရင်းချယ်က ကိုယ်ကိုအနည်းငယ်ကိုင်းလာပြီး သူမမျက်ဝန်းထဲကို တည့်တည့်ကြည့်လိုက်တယ်။
"စိတ်မပူပါနဲ့၊ ငါဘာမှထည့်မထားဘူး"

ထန်ရှရှက မျက်မှောင်ကြုတ်ကာ
"နင် ဘာပြောချင်တာလဲ? ကိုယ့်အကြံစည်ကို လာပြောပြနေတာလား? ဆုချီ သူပေးတာမယူနဲ့၊ သူက ဘာလုပ်ထားမယ်မသိဘူး"

ဆုချီက ထိုစကားကို လက်ခံလိုက်ပုံရပြီး သူ့ဆီကဘူးကို မယူတော့ပေ။
"တကယ် မလိုဘူးရယ်၊ နင့်စေတနာအတွက် ကျေးဇူးပဲ..."

ရင်းချယ်က သူမကိုတိတ်တဆိတ် စိုက်ကြည့်နေပြီး ရုတ်တရက် ပြုံးလာတယ်။
"ဒါဆိုလည်း ပြီးတာပါပဲ"

သူ အဖုံးကိုလှည့်ဖွင့်ပြီး ဟိုနှစ်ယောက်ရှေ့မှာတင် တစ်ကျိုက် မော့သောက်ပြလိုက်တယ်။
"နောက်နောင် ဘာပစ္စည်းမှ ငါ့ဆီ လာမပေးပါနဲ့၊ မဟုတ်ရင်တော့ မင်းပေးတဲ့အတိုင်းပဲ ငါပြန်ပေးရလိမ့်မယ် ကျေးဇူးပဲ"

Pay Attention To Me [Myanmar Translation]Where stories live. Discover now