part4

211 36 0
                                    

အခန်း၄
ဒီနေ့ သူတို့သုံးဦး မြောက်ဘက်မြစ်မှာ ငါးမြှားဖို့သွားကြသည်။
မြင်းလှည်းမောင်းတဲ့ အိမ်တော်ထိန်းရေ၊
မြင်းလှည်းပေါ်မှာ အစိမ်းရောင်ဝတ်ထားပြီးယပ်တောင်အနက်ရောင်ကိုကိုင်ထားတဲ့ဆရာရယ်၊ မိမိ၏ငါးမြှားတံကိုစစ်ဆေးနေတဲ့ဂျွန်ဟိုရယ်၊ အိမ်တော်ထိန်းရဲ့ဘေးကနေထိုင်ပြီးလောကရှူခင်းကိုမျှော်ကိုးနေတဲ့ ဂျောင်ရယ်။
သာယာတဲ့ရာသီဥတုကြီးရယ်နဲ့ခရီးနှင်လာခဲ့ကြတယ်။

''ဒီနေ့တော့ငါးအကြီးကြီးမိအောင်လုပ်ရမယ်''

''စကားကိုဆင်ခြေပြော ဂျောင်ဂု၊ဆရာကမင်းတို့ကိုစိတ်ရှည်သည်းခံနိုင်အောင်ငါးမြှားဖို့ခေါ်လာတာ ၊ငါးသတ်စားဖို့မဟုတ်ဘူးနော် ''

''ဘယ်လိုပဲပြောပြော ကျွန်တော်ကတော့ ငါးအကြီးကြီးဖမ်းပြီးကင်စားပစ်မယ် ၊ အိမ်ထိန်းကင် ကျုပ်ပြောတဲ့ဆန်အရက်ယူလာခဲ့တယ်မလား?''

''ယူလာပါ့ဗျာ ၊ သခင်လေးပြောတဲ့ပစ္စည်းတွေမြင်းလှည်းနောက်မှာပါလာပါတယ် ''

''ဂျောင်ဂု မင်းပေါက်တက်ကရတွေလုပ်မယ်မကြံနဲ့နော် ''

''ဆရာ့ရဲ့အမြင်ကတပည့်ကပေါက်တက်ကရတွေပဲလုပ်တတ်တယ်ထင်လား.....

တကယ်လည်းပေါက်တက်ကရပဲလုပ်မှာ ''

ဟုဆိုပြီးတဟားဟားရယ်မောကာ
ဂျွန်ဟိုအားလှမ်းကြည့်လိုက်သည်။

''ဂျွန်ဟိုဒီနေ့ ငါတို့ရေလည်းကူးကြမယ်နော် သဘောတူတယ်မလား ''

ဂျွန်ဟိုကဆရာ့ကိုတချက်ကြည့်လိုက်တယ်၊ပြီးတော့အကိုဖြစ်သူကိုတချက်ကြည့်လိုက်ပြီးနောက်

''သဘောတူတယ် ၊ နေဝင်တဲ့အထိရေကူးပြီးမှပြန်ကြမယ်''

''ဒီနှစ်ကောင်ကတော့.... ''

မင်ယွန်ဂီတယောက် မနိုင်ဘူးဆိုပြီး
ခေါင်းကိုခါယမ်းကာ မြင်းလှည်းအပြင်ဘက်ကိုကြည့်လိုက်သည်။

နေလုံးကြီးက အနောက်ဘက်ကိုအနည်းငယ်စောင်းနေပြီး လေအေးလေးတွေကအင်မတန်မှကို အေးချမ်းလှပါသည်။
ပြုံးရယ်နေရင်းနဲ့မှ အကြောင်းအရာတခုကြောင့်မျက်နှာကတုန်ဆိုင်းသွားပြန်သည်။
မှုန်ကုန်နေသော မျက်နှာအမူအရာကို ဂျွန်ဟိုတယောက်မြင်ကိုမြင်လိုက်ရသည်။

Looking for you (Completed)Tahanan ng mga kuwento. Tumuklas ngayon