part9

156 29 0
                                    

အခန်း၉

'' စစ်သူကြီး မင်ယောင်း ၊ ကျုပ်ကိုဘယ်သူထင်လဲ ၊ ဒီလိုအပြုအမူမဲ့လုပ်နေမယ်ဆိုရင်မင်းကြီးကထိုင်ကြည့်နေမယ်ထင်လား?''

အမတ်ကြီးဂျွန်ဟာ သွေးထွက်နေတဲ့သူ့ရဲ့ ညို့တကျည်းကိုကိုင်လျက် သူ့ရှေ့မှာရပ်နေတဲ့စစ်သူကြီးမင်ယောင်းကိုပြောနေလေသည်။

သို့သော်စစ်သူကြီးမှာ
သူ၏စကားကိုဂရုမစိုက်သင့်နှယ်လက်ထဲကလက်စွဲတော်ဓားကိုကျစ်ကျစ်ကိုင်ထားလေ၏။

သူ၏နောက်တွင်လည်း မီးတုတ်ကိုင်ထားသော
ရဲမက်တွေအပြည့်ရပ်နေလေသည်။

'' ကျွန်တော်ပြောတုန်းက ခေါင်းငြိမ့်လက်ခံလိုက်ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး၊ အမတ်ကြီး ၊ လူကအိုလာပြီလေ စိတ်အပြောင်းအလဲလုပ်ကြည့်ရမှာပေါ့ ၊လူလည်းပြောင်းရတော့မှာပေါ့ ''

'' တိုင်းပြည်ရဲ့အမတ်ကိုဒီလိုပြုမူတာဟာတိုင်းပြည်ပုန်ကန်မှုနော် ''

''ခင်များကအခုထိနားမလည်သေးဘူးပဲ၊''

''လာကြစမ်း ၊ အကုန်လုံးကိုသတ်ပစ်၊တအိမ်လုံးကိုမီးရှို့ပစ် ၊ အစေခံ ၊ အလုပ်သမားတယောက်မှတောင်မကျန်စေနဲ့ ''

''မင်း''

''အဟော့ ''

တချက်ချောင်းဆိုးလိုက်တာနဲ့သွေးတွေ
အန်ထွက်လာခဲ့ပါ၏။
အသက်ကြီးလာတဲ့သူ့အနေနဲ့ ဒီလူတွေကိုတားမြစ်ဖို့ရန်မလွယ်ကူလှပါ။

'' တကယ်ကိုပဲ မင်းကြီးသေသွားခဲ့တာက၊ သွေးရိုးသားရိုးမဟုတ်ခဲ့ဘူးပဲ ''

''ဒီနေ့ ဒီအမတ်အိုကြီးက သေသေရှင်ရှင်မင်းတို့ကိုပါခေါ်သွားမယ် ''

ဆိုရင်း မြေကြီးပေါ်စိုက်နေတဲ့သူ့ရဲ့ဓားရှည်ကိုဆွဲယူလိုက်ပြီး ညာဘက်လက်နဲ့ကိုင်ထားလိုက်သည်။ထို့နောက်သူ၏ဆံပင်ကိုချည်နှောင်ထားသောဖဲကြိုးကိုဖြုတ်ယူလိုက်ကာ
ဓားနဲ့သူ့ရဲ့လက်ကိုချည်လိုက်သည်။

ရွှား!!!

ရုတ်ချည်းဆိုသလို သူသည် စစ်သူကြီးမင်ယောင်းအားတိုက်ခိုက်လာခဲ့သည်။
အမတ်တယောက်ဖြစ်ပေမယ့် တိုက်ရည်ခိုက်ရည်ရှိတဲ့အမတ်ဂျွန်ဟာအချိန်ကြာကြာအထိတောင့်ခံထားနိုင်ခဲ့ပါ၏။

Looking for you (Completed)حيث تعيش القصص. اكتشف الآن