part10

159 25 0
                                    

အခန်း၁၀

လူပျောက်ခြင်းရဲ့ လမ်းစကို ယွန်ဆောရှာတွေ့ခဲ့ပြီ။ ဟီယောင်းစံအိမ် အလောင်းကစားဝိုင်း၊ဆောင်ကြာမြိုင်။

သူ့လိုသခင်လေးကဒီလိုနေရာကိုဝင်ဖို့စိတ်မှာမသိုးမသန့်နဲ့။ ကြမ်းတမ်းတဲ့မြေရိုင်းဒေသ၊ကန္တာရ၊သဲသောင်ပြင်သူရောက်ဖူးသည်။
ဆောင်ကြာမြိုင်ကိုတော့ခြေဦးပင်မလှည့်ဖူးပါပေ။

ညအချိန် ၊ မူးရူးနေတဲ့ လူတွေလည်းရှိတယ်။
မိန်းမတွေကိုလက်နှစ်ဖက်မှာထားပြီး
ရမ်းကားနေတဲ့ဟာတွေလည်းပေါ်များပါ၏။

ဆောယွန်းဟာ သူ့ရဲ့နောက်လိုက်နှစ်ယောက်ကိုခေါ်ပြီး စံအိမ်ထဲကိုဝင်သွားလိုက်သည်။
ထို့နောက် ပတ်ပတ်လည်ကြည့်လိုက်တော့
မီးထိန်ထိန်လင်းနေတဲ့ စံအိမ်တော်ကြီးထဲမှာ
ကခုန်နေတဲ့မိန်းမပျိုလေးတွေရေ၊ စောင်းသံတကြောကြောနဲ့မိန်းမပျိုးလေးတွေ ။

ဆက်၍လျှောက်သွားကြည့်လေတော့ ထူးဆန်းတဲ့မိန်းမတယောက် မျက်နှာတခြမ်းကိုပုဝါစနဲ့အုပ်ထားကာရပ်နေလေသည်။
ဟင့်အင်း အဲဒါကယောက်ျားလေးတယောက်။

'' သခင်လေး ၊ စံအိမ်သခင်ကအထဲမှာစောင့်နေပါတယ် ''

'' ကျုပ်ဘယ်သူလဲဆိုတာသိလို့လား?''

''စစ်သူကြီးကိုမသိတဲ့သူဟန်ယန်းမှာရှိပါ့မလား?''

'' မင်းတို့စံအိမ်သခင်ကဘယ်အခန်းမှာ...?''

''ညာဘက် မက်မွန်ဆောင်မှာပါ ''

မိန်းမပျိုလေးညွှန်ပြတဲ့​နေရာကို
ယွန်ဆောဝင်သွားလိုက်တယ်။
မှောင်မဲနေတဲ့အခန်းထဲမှာ အလင်းရောင်ခပ်မှိန်မှိန်ခေးထွန်းလင်းထားသည်။
စံအိမ်သခင်မှာ ဇာပုဝါတခုဖြင့် အခန်းအလယ်မှာဖုံးကွယ်ထားပြီး စည်းခြားထားသည်။
သူမြင်ရတဲ့အရိပ်ဟာ အမျိုးသားတယောက်ကုတင်ပေါ်မှာထိုင်နေပြီး ဗျစ်စောင်းတမျိုးကိုထိတွေ့နေသည်။ ယွန်ဆောရဲ့အမြင်အရထိုလူရဲ့မျက်နှာမှာ အနက်ရောင် ပုဝါလေးစည်းထားသည်။

'' ဒီကသခင်လေး ဘာကိစ္စကြောင့်ကျုပ်ရဲ့နိမ့်ကျတဲ့စံအိမ်ကို ရောက်လာခဲ့တာလဲမသိဘူး ''

Looking for you (Completed)Where stories live. Discover now