part5

187 37 0
                                    

အခန်း၅

'' ကျွန်တော် မင်ယွန်ဂီ ၊ မြေရိုင်းတပ်မှာ အောင်မြင်စွာတာဝန်ထမ်းဆောင်ပြီးပြန်ရောက်လာခဲ့ပါပြီ အရှင်မင်းကြီး ''

ပလ္လင်ထပ်မှ ရွှေရောင်တောက်ပနေတဲ့မင်းကြီးဟာ ကြမ်းပြင်ထပ်က အရိပ်ကိုယ်ရံတော်ကိုကြည့်နေလိုက်သည်။
စစ်ပွဲမှာအရိပ်ကိုယ်ရံတော်တွေအကုန်အသက်တုံးရှုံးသွားတာတောင် ဒီလူကပြန်လာခဲ့နိုင်သည်။
ကံကောင်းသည်ပေလား?ကံဆိုးသည်ပေလား?

စစ်သံချပ်ကာတို့ဝတ်ဆင်ထားပြီး
ဒဏ်ရာအပြည့်နဲ့သွေးညှီနံ့တို့ ပြန့်လွင့်နေသောလူငယ်၏ဓားရှည်မှာသွေးရောင်အတိပင်ဖြစ်နေလေသည်။

'' ကောင်းပြီ တဦးတည်းအသက်ရှင်ကျန်ရစ်တဲ့ မောင်မင်းကို ငါကိုယ်တော်ဆုချီးမြင့်မယ်''

'' အသင်မင်ယွန်ဂီ၊ စစ်ပွဲအတွင်းရန်သူကိုအပြတ်ချေမှုန်းနိုင်ပြီး အသက်ရှင်ကျန်ရစ်ခဲ့သည်အတွက် အိမ်တော်နဲ့ခြံဝန်းဆုလာဘ်အဖြစ်ပေးအပ်ပြီး နွေဦးစံအိမ်တော်ကိုချီးမြင့်မည် ''

''ကျေးဇူးတရားကြီးမားလှပါပေသည် ၊ အရှင်မင်ကြီး ''

''ထလော ၊ မောင်မင်းပြန်ရောက်လာသည့်အထိမ်းအမှတ်နဲ့ ပွဲကြီးပွဲကောင်းကျင်းပကြမယ်''

ဘုရင်ကဝမ်းသာအားရဆိုလေရာ
မင်ယွန်ဂီကလက်ခါယမ်းလိုက်ပြီးငြင်းဆိုလိုက်လေသည် ။

'' ဟုတ်တာပေါ့ ဟုတ်တာပေါ့ မောင်မင်းလည်းခရီးပန်းနေရောပေါ့ ၊ဟုတ်ပြီဟုတ်ပြီ တရက်နှစ်ရက်အနားယူပေါ့''

''ကျေးဇူးကြီးမြတ်လှပါတယ်အရှင်မင်းကြီး''

''ဟုတ်ပြီ၊ပြန်ရောက်လာတာဝမ်းသာတယ် ဝမ်းသာတယ်''

ညီလာခံအတွင်းမှအမတ်ကြီးများသည် ခရီးကပြန်လာတဲ့လူငယ်ကိုတစူးတစိုက်ကြည့်ကြသည်။
သေချာမမြင်ဖူးသည့်ထိုလူငယ်မှာ အရိပ်ကိုယ်ရံတော်သည်တဲ့လား?
စစ်ပွဲတခုလုံးမှာ အသေအကြေဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူမရှိသလောက်နည်းပါးလှသည်။
အရိပ်ကိုယ်ရံတော်တွေထဲမှာ သူတဦးသည်သာအသက်ရှင်ကျန်ရစ်ခဲ့သည်။
လာမည့်အနာဂတ်မှာ မင်ယွန်ဂီသည် အရှင်မင်းကြီး၏အရိပ်ကိုယ်ရံတော်ဖြစ်လာပေတော့မည်။

Looking for you (Completed)Where stories live. Discover now