part8

191 31 0
                                    

အခန်း၈

'' နောင်တော် ''

ယွန်ဆော၏အသံကြောင့်
ကြည်လဲ့နေသောမိမိ၏မျက်ဝန်းထံမှမျက်ရည်တို့အား သုတ်လိုက်သည်။
ချယ်ရီပင်ထံမှ ချယ်ရီပွင့်ဖတ်တို့ဟာလေ၏အရှိန်ကြောင့် ပျံ့လွင်နေလေသည်။

'' ကျွန်တော်နောင်တော်ကိုကြည့်နေတာကြာပြီ၊ဘာတွေများဒီလောက်တောင်တွေးနေရတာလဲ''

''ရှေးဟောင်းနှောင်းဖြစ်တွေပါ၊ ထိုင်ကြမယ်လေ၊ မင်းလိုချင်တဲ့ဆန်အရက်ယူလာတယ်''

'' နောင်တော်အကောင်းဆုံးပဲ ''

''မင်းငါ့ကိုနောင်တော်လို့ခေါ်တာ တော်သင့်လှပြီလို့မထင်ဘူးလား ၊ ငါကမင်းဦးရီးတော်နော်''

''ဒီလိုငယ်ရွယ်သေးတဲ့ အမတ်ကိုဦးရီးတော်လို့ခေါ်ရမှာ နေရခက်တယ်လေဗျာ၊ နောင်တော်လို့ခေါ်ရင်ပိုရင်းနှီသလိုခံစားရတယ်''

ဂျောင်ဂုကတော့ သဘောပါပဲ ဆိုသည့်နှယ်သေရည်ခွက်ကို မော့သောက်လိုက်လေသည်။
နှစ်ယောက်သား ချယ်ရီပင်အောက်မှာထိုင်ကာ
အထိန်းတော်တည်ခင်းပေးသည့်ချိုမြိန်သောမုန့်တို့ကို သုံးဆောင်နေကြသည်။

'' ဒါဖြင့် မင်းကြီးရဲ့အခြေအနေကပိုဆိုးလာလား?''

''  နောင်တော်သိတဲ့အတိုင်းပါပဲ၊လက်ရှိ ဟန်ယန်းမှာ လူပျောက်မှု၊လူသတ်ခံရမှုတွေကနည်းမှမနည်းပဲ၊ တစတစပျောက်လာတဲ့လူတွေကြောင့်ရော၊ယမန်နေ့ညက လုပ်ကြံခံရတာကြောင့်ရော မင်းကြီးအတော်လေးထိန်လန့်နေတယ်''

ယွန်ဆောပြောသမျှကို
ဂျောင်ဂုမှာသေရည်သောက်ရင်းလိုက်နားထောင်နေသည်။ တပတ်ကျော်လောက်ဖျားနာသွားတာကြောင့်နန်းတွင်းရေးရာအတော်များများကိုလွှတ်သွားရသည်။ထို့ကြောင့် ညီတော် (သို့) တူတော်မောင်ပြောသမျှကိုသာနားထောင်နေရသည်။

ယွန်ဆောကမူ ဆက်လက်ပြောနေလေသည်။

'' အခုတလော လူသတ်မှုတွေကတိတ်ဆိတ်နေပေမယ့် လူပျောက်မှုတွေကတော့ညတိုင်းလိုလိုတိုးလာတယ်လေ၊ ယမန်နေ့ည မင်းကြီး စက်တော်ခေါ်နေချိန်လူစိမ်းတယောက်နန်းဆောင်ကိုဝင်လာခဲ့တယ် ''

Looking for you (Completed)Where stories live. Discover now