လင်ရှီးသူ့လက်ကိုမြှောက်လိုက်ပြီး ဖောက်ထွင်းမြင်နေရတဲ့ မှန်နံရံပေါ်တွင်လက်ဖဝါးကိုတင်လိုက်၏။ သူ့မျက်လုံးများတဖြည်းဖြည်း အနီရောင်သို့ပြောင်းလဲလာသည်။

    အဲ့ဒီလူ၊ သူ့မှာဘယ်လိုနောက်ခံအထောက်အထားတွေရှိနေပါစေ လင်ရှီးသူ့ကို အလွန်နာ‌ကျင်စေမှုကို အဖိုးအခအဖြစ်ပြန်ပေးမည်ဟု သူ့ကိုယ်သူကျိန်ဆိုခဲ့သည်။

    လောကကြီးကထိုသူ့(အညိုလေး)ကို ညင်ညင်သာသာဆက်ဆံလိမ့်မည်ဟု သူမျှော်လင့်ခဲ့သော်လည်း မျက်နိုးတန်ဖိုးထားခြင်းမရှိခဲ့။ လင်ရှီးခန္ဓာကိုယ်ကိုဘေးဘက်လှည့်လိုက်ပြီး ချင်ရှောင်းကိုကြည့်လိုက်သည်။

   လင်ရှီးရဲ့ မေးရိုးတွေကတင်းမာနေပြီး သု့မျက်လုံးများထဲတွင်မီးများတောက်နေသကဲ့သို့ပင်။

    "အဲ့ဒီလူကဘယ်သူလဲ? ခင်များသူ့ကိုရှာတွေ့လား" ချင်ရှောင်းကသူ့ဘက်မှာရပ်တည်ပေးပါ့မလားဆိုတာကို သူမသေချာပေ။ ချင်ရှောင်းက အဲ့ဒီလူကိုလူသားဖြစ်လို့ဆိုပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခြင်းမလုပ်ခဲ့ရင် လင်ရှီးကိုယ်တိုင် အပြစ်ပေးမှုကိုပြုလုပ်မည်။ အဲ့အတွက်သူ ဘာတွေပဲဖြစ်ဖြစ် ဘယ်လောက်ပဲကုန်ကျကျ။

   ဒေါသကအသိပေးခြင်းမရှိပဲထွက်ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပဲ သူ့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားရမယ်ဆိုတာ သူသိသည်။

    ဒါပေမယ့်သူစိတ်အေးအေးထားလို့မရဘူး။ သူ့(အညိုလေး)ရဲ့ နေရောင်ခြည်လိုနွေးထွေးတဲ့အပြုံးတွေက တခြားသူကြောင့်ပျက်စီးသွားတဲ့အခါ လင်ရှီးသည်းမခံနိုင်တော့ပေ။ တစ်ဖက်လူရဲ့ အညိုရောင်ရေသူလေးအပေါ် တင်နေတဲ့အကြွေးတွေကို သွေးနဲ့သာပြန်ဆပ်ချင်တော့သည်။

   တစ်ချိန်ကဗီလိန်တစ်ယောက်ဖြစ်ခဲ့သည့်လင်ရှီးရဲ့ဇာတ်ကောင်ဟာ အာဏာရှင်ဆန်ပြီးနိုင်ထက်စီးနင်းလုပ်သည့်ပုံစံဖြစ်အောင် အချိန်အကြာကြီးပျိုးထောင်မွေး‌မြူပေးခြင်းခံခဲ့ရတာဖြစ်သည်။ သူဘယ်အရာကိုမှအလျှော့မပေးခဲ့သလို ဘုရားသခင်ကလည်းသူ့ကိုအလျှော့ပေးခွင့်မပြုခဲ့ပေ။

The Villain Dressed As a Little MermaidWhere stories live. Discover now