လင်ရှီးကူရှင်ပေါ်ထိုင်ပြီး သူ့ခြေထောက်တွေကိုလွှဲရမ်းလိုက်ကာ ဖြူသွယ်တဲ့ခြေချောင်းလေးတွေကို ဖြေလျှော့ဖို့ဆန့်ထုတ်လိုက်သည်။

   တစ်ခါတစ်ရံ လင်ရှီးစာဖတ်ရင်းပင်ပန်းလာသည်ဟုခံစားရသောအခါ ဒန်းပေါ်တွင်လှဲ၍အိပ်တတ်သည်။

    ဒီနေရာကလူတွေနဲ့ပက်သတ်ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် မဖိတ်ပဲလာလို့မရဘူးဆိုတာ လင်ရှီးသိသည်။ ချင်ရှောင်းကိုတော့လင်ရှီး ခေါင်းမိုးတစ်ခုတည်းအောက်က အတူနေသူအဖြစ် စောင့်ကြည့်နေလိုက်၏။

    အတူနေထိုင်တဲ့ပါတနာက အိပ်ပျော်သွားတဲ့အခါမျိုးတွင်တော့ လင်ရှီးမလိုလားအပ်တဲ့စောင့်ကြည့်မှုမျိုးကို တဖြည်းဖြည်းချင်းလျှော့ချလိုက်သည်။
  
    သူစောင့်ကြည့်နေတဲ့သူက တစ်ကယ်ကိုရှင်းလင်းပြတ်သားတာကိုတော့ သူဝန်ခံရပေမည်။ အထိုက်အလျောက်တော့ လူကောင်းတစ်ယောက်ဖြစ်သည်။

      အကယ်၍သူသာရေသူမဟုတ်ပဲ လူသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူဖက်ဒရယ်စစ်တပ်ထဲကို လိုလိုလားလားဝင်လိုက်မယ်လို့ လင်ရှီးတွေးနေခဲ့၏။ ဖြစ်နိုင်လျှင် ချင်ရှောင်းလိုလူမျိုးနှင့် တွဲလုပ်ချင်မိသည်။ အဲ့တာကအရမ်းကိုကျေနပ်စရာကောင်းမယ်လို့လည်း လင်ရှီးယုံကြည်သည်။ အခြေခံအားဖြင့် အဲ့တာကမဖြစ်နိုင်တော့ပါချေ။

      မဟာမိတ်စစ်တပ်ကခွန်အားနည်းတဲ့ရေသူတွေကို သူတို့ရဲ့စစ်သားအဖြစ် ခွင့်ပြုမှာမဟုတ်ပေ။

    သူအိပ်ပျော်သွားတဲ့အခါ လင်ရှီးအတိတ်ဘဝကမြင်ကွင်းအချို့ကို အိပ်မက်မက်ခဲ့သည်။ အဲ့အချိန်မှာသူက လူအဖြစ်နဲ့ပျော်ရွှင်တဲ့မိသားစုလည်းရှိပြီး
သူ့အဆင့်အတန်းကတခြားသူတွေကို အမိန့်ပေးနိုင်ကာ သူ့ခေါင်းပေါ်ကိုတက်နိုင်တဲ့သူလည်းတစ်ယောက်မှ မရှိပေ။

    ဗီလိန်တစ်ယောက်အနေနှင့် လင်ရှီးစာအုပ်ရဲ့အဓိကဇာတ်ဆောင်နှင့် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ရလေ့ရှိသည်။

     တစ်ခါတစ်ရံလင်ရှီးအလွန်သိချင်မိ၏။ သူ့ရဲ့ကြိုတင်ပြင်ဆင်မှုတွေက မှားနိုင်စရာမရှိပေ။ အသိသာကြီးကို အဓိကအမျိုးသားဇာတ်ဆောင်ကို ကိုင်တွယ်ဖြေရှင်းရတာမခက်ပါချေ။ ဒါပေမယ့်အရေးကြီးတဲ့အချိန်တိုင်း တစ်ချို့အမှားတွေဖြစ်လာတတ်၏။ အဲ့ဒီအချိန်တွေဆိုလင်ရှီးနားမလည်နိုင်ပေ။ အဓိကဇာတ်ဆောင်ကကံကောင်းတယ်လို့သာ တွေးနိုင်တော့သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now