extra short

408 31 0
                                    

extra

တစ်ဖြည်းဖြည်း ကျန်းမာရေးဆိုးရွားလာတဲ့ အဖေဖြစ်သူကို ဘတ်ဟျွန်း ကြည့်ပေးနေရတာမို့ ညထိတိုင်အောင် ဆေးရုံကမပြန်ရပေ။

ခွဲစိတ်ဆရာဝန်ဖြစ်တဲ့အတွက် အခြားတာဝန်ယူထားတဲ့ လူနာတွေကလည်း မနည်းပေ။

အရည်အချင်းရှိတဲ့သူမို့ ယခုတာဝန်ကျနေတဲ့ ဆေးရုံက တစ်ခုခုဆို ဘတ်ဟျွန်းမပါရင်မပြီး။

လူနာ roundလှည့်ပြီး ပြန်လာတော့ ချစ်သူကောင်လေးဆီမှ messageများကို တန်းစီစွာတွေ့လိုက်ရတော့ စိတ်ကအလိုလို အမောပြေသွားတယ်။

အမြဲတမ်း တစ်နေ့တာ ဘာလုပ်လုပ် တစ်ခုမကျန်ပြောပြတတ်တဲ့ ချန်းယောလ်ကို မငြီးငွေ့နိုင်သလို စိတ်လည်းမရှုပ်မိ။ ဘာလုပ်လုပ်အသိပေးတတ်နေလို့လည်း သူ့ကို စိတ်ချရသည်။

ချန်းယောလ်က အရင်လို လူကြောက်တတ်တဲ့ ကလေးမဟုတ်တော့ပေ။ အထက်တန်း ဘွဲ့ရပြီး လက်ရှိ university မှာသူဝါသနာပါတဲ့ ရှေးဟောင်းသုတေသနကို တက်ရောက်နေတယ်။

တ်ဟျွန်းနီး..... ချန်း နေ့လည်သွားစားတော့မှာ... အတန်းထဲက မိန်းကလေးသူငယ်ချင်းနဲ့အတူတူသွားမှာ

မိန်းကလေးဆိုတော့ ဘတ်ဟျွန်း မျက်မှောင်ကျုံ့သွားရတယ်။

သူက ကောင်လေးရှိပြီးသား သဝန်တိုနေမှာစိုးလို့ထပ်ပြောတာ (ဤကားစကားချပ် ခ်ခ်ခ်)

ဒီနေ့အိမ်ပြန်လာမှာလား မအားလည်းပါတယ် အာပါးက ပိုအရေးကြီးတယ်

ချန်းတ်ဟျွန်းနီးကို လွမ်းလှပြီ....

ချစ်သူ ပို့ထားတဲ့စာလေးတွေကိုကြည့်ရင်း တစ်ယောက်ထဲပြုံးနေမိတယ်။

ကြာကြာကြည်နူးနေလို့လည်းမဖြစ်ပါလေ။
အရှေ့က laptop နဲ့ စာအုပ်အထူကြီးတွေဆီ အာရုံပြောင်းကာ ရောဂါကုထုံးတွေအကြောင်း လေ့လာဖို့ပြင်ရတော့တယ်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now