part 6

272 30 2
                                    

ဆောင်းရဲ့နှင်းမှုန်လေးတွေ တဖွဲဖွဲကျနေရင်တောင် မင်းရဲ့လက်ကလေးတွေ အေးစက်နေလေမလားလို့ တွေးမိတယ်
ချစ်တတ်သွားရင် ကိုယ့်ထက် သူကအရေးပါတယ်လေ....။

ဘတ်ဟျွန်းတစ်‌ယောက် ချန်းယောလ်ဆီမရောက်တာ လနဲ့ချီနေခဲ့ပြီ။

ပြောင်းသွားတဲ့ကျောင်းကို သိပေမယ့် ဟိုအဒေါ်ကြီး( CY's Mom) ကြောင့် တကူးတကလိုက်မရှာဖြစ်ခဲ့။ အထက်တန်းနောင်ဆုံးနှစ်ဖြစ်လို့ ဘတ်ဟျွန်းတက်ရမယ့် တက္ကသိုလ်ကိုရအောင် စာကြိုးစားနေရသည်။ ပုံမှန်အချိန်တွေမှာ ဆယ်ဟွန်းနဲ့အတူတူ bubble tea သောက်တာတို့လုပ်ဖြစ်ပေမယ့် အချိန်ပြည့် ကျောင်းနဲ့အိမ်ကို မအားလပ်အောင် သွားရသည်။

အဖေက အိမ်မှာ guide ဆရာမခေါ်ထားပေးသည်မို့ ကလပ်တက်တာတွေ၊ ဘားသွားတာတွေ မလုပ်နိုင်တော့။ Guide ဆရာမကလည်း ဘတ်ဟျွန်းနဲ့ အဆင်ပြေတာမလို့ မငြင်းဆန်ဘဲ စာကိုသာ အာရုံထားလိုက်သည်။
စာရှင်းပြပေးမယ့် ဂယောင်ဆူးကလည်း
ဂျုံအင်နဲ့အတူ ညစာကျက်ဝိုင်းတွေသွားနေရသည်။ ဆယ်ဟွန်းကတော့ အိမ်မှာပဲ တခြား guide ဆရာနဲ့ စာလုပ်သည်။

အားလပ်ချိန်တွေဆို ဆယ်ဟွန်းနဲ့ဖုန်းပြောရင် သူ့ရဲ့ Luhan ဟူ‌သော Guide ဆရာငယ်ငယ်‌ လေးနဲ့အဆင်မပြေပုံတို့ကို ဖောက်သည်ချတတ်သေးသည်။

"ဟေ့ ချန်းယောလ် မင်းအဆင်ပြေတယ်မလား အဆင်ပြေမှာပါ....ငါမင်းဆီကိုမလာနိုင်တဲ့အတွက် တောင်းပန်ပါတယ် စာမေးပွဲပြီးတဲ့နေ့ ငါချန်းယောလ်နဲ့ တွေ့ရရင်ကောင်းမှာပဲ"

ဘတ်ဟျွန်းတစ်ယောက် နေ့စဉ်နဲ့အမျှ မအားလပ်ပေမယ့် ညအိပ်ခါနီး ချန်းယောလ်အကြောင်းတွေးဖြစ်အောင်တွေးသည်။ ဆောင်းရာသီဖြစ်သောကြောင့် မနက်ကျောင်းသွားရင် ချန်းယောလ်ရဲ့ နားရွက်ကားကားလေးတွေ အေးစက်ပြီး နီရဲနေမလား လို့ စိတ်ပူနေမိသေးသည်။

"‌အာာ.... မေ့တော့မလို့ပဲ ချန်းယောလ်ရဲ့ မာဖလာလေးပြန်ပေးရဦးမယ် စိတ်မပူနဲ့ ငါမင်းအိမ်မှာ ဆက်ဆက်လာပေးမှာ arjima မကြိုက်လည်း လာမှာပဲ"

ဘတ်ဟျွန်းမှာ ချန်းယောလ်အကြောင်းတွေးနေရုံသာတတ်နိုင်သည်။ ဝင်ခွင့်ဖြေလို့ပြီးမှ ချန်းယောလ်ဆီသွားဖို့ ဆုံးဖြတ်လိုက်ရသည်။ သူ့ဆီရောက်နေတဲ့ချန်းယောလ်ရဲ့ မာဖလာလေးကို ညတိုင်းဖက်ပြီးအိပ်ကာ ပြန်ပေးမယ့်နေကို စောင့်ရတော့သည်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now