part 7

272 32 0
                                    

.........☘️

"ဟော ဟိုမှာ ချန်းယောလ်မလား
အရှေ့က သူ့Ommaထင်တယ်"

ဆယ်ဟွန်းညွှန်ပြရာဘက်ကို လှည့်ကြည့်လိုက်တော့ အရပ်ပုသေးသေးကောင်လေး တစ်နည်းအားဖြင့် ဘတ်ဟျွန်းအတွက် ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးသောကောင်လေး ချန်းယောလ်ကို တွေ့လိုက်ရတယ်။

မမြင်တာကြာလို့လားမသိပေ။ ချန်းယောလ် ပိန်ကျသွားသလို ခံစားရတယ်။ လွယ်အိတ်ကြိုးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ချန်းယောလ်က ဘာကိုများကြောက်နေတာလဲ ဘတ်ဟျွန်းမစဉ်းစားတတ်တော့။ သူ့ကိုဒီလို အခြေအနေဖြစ်အောင် Omma Park ကလုပ်ခဲ့တာပဲမလား။

"ငါလိုက်သွားရင်ကောင်းမလား ဆယ်ဟွန်း"

"မသွားပါနဲ့ကွာ သူ့ Omma လည်းပါနေတာကို ပြီးတော့ ခနနေငါတို့ စာမေးပွဲဖြေရတော့မှာလေ"

ဆယ်ဟွန်းသတိပေးမှ ဘတ်ဟျွန်း ဝင်ခွင့်ဖြေရမှာကိုသတိရတော့သည်။

"ဟုတ်သားပဲ ဒါနဲ့ ချန်းယောလ်တို့လည်း ဒီနေ့ဖြေရမှာလားမသိဘူး သူ့ Ommaနဲ့ ဒီဆိုင်ဘာလာလုပ်တာလဲနော်"

"ငါဘယ်သိမလဲ မင်း ချန်းယောလ်ကို ဘာလို့စိတ်ဝင်စားနေတာလဲ"

သောက်နေတဲ့ Espresso တောင်သီးသွားရသည်။

"ဆယ်ဟွန်းနား... ငါ ....
ချန်းယောလ်ကို စိတ်ဝင်စားနေတာကို ရိပ်မိတာလား"

ထိုအခါမှ ဆယ်ဟွန်းက မျက်လုံးအဝိုင်းသား၊
ပါးစပ်အဟောင်းသားနဲ့။

"ငါပြောတာ ချန်းယောလ်အကြောင်းကို ဘာလို့စိတ်ဝင်စားတာလဲလို့!!!"

"မအော်ပါနဲ့ ဆယ်ဟွန်းကလည်း
ငါကမင်းရိပ်မိသွားတယ်ထင်လို့ ဘာဖြစ်ဖြစ်နောက်သိရမှာပဲ အခုကြိုသိသွားတော့ကောင်းတာပေါ့ ငါသူ့ကိုချစ်တယ်"

"အာ ဟုတ်လား..."

ထင်ထားသလိုမဟုတ်။ ဆယ်ဟွန်းအံ့မဩသွားပါ။

"ဟင် မင်း မလန့်သွားဘူးလား"

"ဟင်...? မဟုတ်
ဘယ်တုန်းက သူ့ကိုချစ်သွားတာလဲ"

အကြာကြီးနေမှ ဘတ်ဟျွန်းနဲ့ cafe date လုပ်ရပေမယ့် ဆယ်ဟွန်း ထိုစကားကိုကြားလိုက်ရလို့ ရင်ထဲအောင့်သက်သက်။
အချစ်ဆုံးသူငယ်ချင်း ဒါမှမဟုတ် တစ်ဖက်သက်စိတ်ဝင်စားရတဲ့သူလား မသဲကွဲခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ဖက်သက်အချစ်ဆိုတာ သေချာသွားခဲ့တယ်။

My Cutest Little Boy [ COMPLETED ]Where stories live. Discover now