ရေသူငယ်လေးတွေက လူသားကလေးတွေလို ငိုယိုပြီးဆူညံအောင်မလုပ်ကြပေ။ ရေသူလေးတွေက မိဘတွေနဲ့အတူမရှိပဲတစ်ယောက်ထဲဖြစ်နေရင်တောင် အလွန်အကျွံအထီးမကျန်တတ်ကြချေ။ လင်ရှီးရေသူဖ်ြလာတဲ့အချိန်က သိပ်မကြီးသေးပေ။ သူကူးပြောင်းလာပြီးနောက် ဒီခန္ဓာကိုယ်၏မှတ်ဉာဏ်တွေကို လက်ခံရရှိခဲ့သည်။

အမှန်တကယ်ကတော့ ရေသူဆိုင်ကမှတ်ဉာဏ်တွေသာဖြစ်သည်။ ရေသူဆိုင်မရောက်ခင် ဘာတွေတွေ့ကြုံခဲ့ရလဲဆိုတာကိုတော့ လင်ရှီးမသိပါချေ။

သူလက်ခံရရှိခဲ့တာက ရေသူမွေးမြူရေးစင်တာကထွက်လာတဲ့ မှတ်ဉာဏ်တွေသာဖြစ်သည်။ အဲ့ဒီနေရာမှာ နေ့စဉ်နေ့တိုင်းအသစ်အသစ်သော ရေသူတွေကပေါက်ဖွားနေ၏။ ရေသူငယ်လေးတွေက မွေးဖွားပြီးနောက် ရေသူအရောင်းဆိုင်သို့ရွှေ့ပြောင်းခံရပေသည်။ ထိုရေသူအရောင်းဆိုင်မှာပဲ တဖြည်းဖြည်းကြီးထွားကြပြီး အရွယ်ရောက်ကြရသည်။ ထို့နောက်လူသားတွေထံ လူသုံးကုန်အဖြစ် အရောင်းခံရလေသည်။

ရှာဖွေမှုကိုမပိတ်ခင် လင်ရှီးသူနေခဲ့တဲ့ရေသူအရောင်းဆိုင်၏ တည်နေရာကိုတစ်ချက်မျှရှာကြည့်လိုက်သည်။ အချက်အလက်တွေကအတွဲလိုက် ထွက်ကျလာ၏။

အခြေခံအားဖြင့် ထိုအချက်အလက်များတွင် ပြောထားတာက ရေသူဆိုင်မှာရောင်းချတဲ့ရေသူတွေက အရည်အသွေးကောင်းကာ နာခံမှုရှိပြီး ချစ်စရာကောင်းသည်ဟုပင်။

လင်ရှီးမျက်ခုံးပင့်လိုက်သည်။ အဲ့ဒီနာခံမှုရှိပြီး ချစ်စရာကောင်းတဲ့အထဲမှာသူမပါပေ။ ပြီးတော့ချစ်စရာကောင်းတာက သူနှင့်မသက်ဆိုင်ပါချေ။

Light brainကပုံကို လင်ရှီးကြည့်လိုက်၏။ ပြုံးနေတဲ့မျက်နှာလေးက ရုတ်တရက် လင်ရှီးအတွေးထဲပေါ်လာသည်။ ထိုပြုံးနေတဲ့မျက်နှာက တစ်လကျော်ကြာအောင် သူ့ကိုနေ့တိုင်းအဖော်ပြုပေးခဲ့သည်။ အဲ့ဒီရေသူလေးရဲ့ တောက်ပတဲ့အပြုံးမျက်နှာလေးက ဝမ်းနည်းမှုနဲ့ညှိုးငယ်နေတဲ့အခါ ဘယ်လိုဖြစ်နေမလဲဆိုတာကို စိတ်ကူးကြည့်ဖို့တောင်ခက်ခဲ့တဲ့အချိန်တွေ လင်ရှီးမှာရှိခဲ့သည်။

အညိုရောင်ရေသူလေးက နုံအသည်။ သူ့ကိုဝယ်သွားတဲ့သူက သူ့အပေါ်ကောင်းပေးသင့်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now