စုလုရီတစ်ယောက် ခနလောက်ဆိတ်ဆိတ်နေလိုက်တယ် ပြီးတော့ အရှက်သည်းစွာခေါင်းကိုငုံ့လိုက်ပြီး...
''ငါက မင်းကိုစပရိုက်လုပ်ချင်လို့ပါ''
အဲ့ဒီနောက်မှာ အဲ့လူရဲ့မျက်နှာ မိုးလိုမှောင်ကျသွားတာကို မြင်လိုက်ရတယ်။ အဲ့ဒီလူရဲ့မျက်ဝန်းတွေက ကုတင်ခြေရင်းကိုကြည့်ရင်း ရွဲ့တဲ့တဲ့လေသံနဲ့
''ဒီလိုနေရာမှာလား ..."
"အေးလေ စပရိုက်ပေါ့" စုလုရီဖြေလိုက်တယ်။
"........."
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးနောက်မှာတော့ ထိုလူ့ရဲ့တွေးဆဆပုံနဲ့ စူးစမ်းတဲ့မျက်ဝန်းတွေက စုလုရီပေါ်ကို ကျရောက်လာခဲ့တယ်။
လေထုက ခေတ္တခဏရပ်တန့်သွားပြီးတဲ့နောက်မှာတော့ သူကပြောလိုက်တယ်။
"ကြမ်းပြင်က ဆွဲထားလို့လား ..."
စုလုရီ အခုမှသူ့အခြေနေကိုနားလည်သွားရတယ်။ သူကိုယ်လုံးက ကြမ်းပြင်မှာတစ်ဝက်၊ ကုတင်ပေါ်မှာတစ်ဝက် တန်းလန်းကြီးဖြစ်နေတာကိုး....
"......"
သူမြန်မြန်ထလိုက်ပေမဲ့ သူ့ခြေထောက်တွေ ရုတ်တရက်ကြီးအေးစက်သွားတာကို ခံစားလိုက်ရတယ်။
စုလုရီ အောက်ကိုငုံ့ကြည့်လိုက်မိတာနဲ့ လန့်သွားတာသေမလိုပဲ...သူအခု အဖြူရောင်ရှပ်အကြီးကြီးတစ်ထည်ပဲ ဝတ်ထားတာလေ။ ရှပ်အနားက သူ့ပေါင်ရင်းတောင်မလုံချင်ဘူး သူ့ပေါင်ဖြူဖြူရှည်ရှည်နှစ်ချောင်းလုံး ပေါ်နေပြီ မျက်စိကျစရာကြီး။ အရှက်မရှိလိုက်တာ...
တစ်ဖက်လူရဲ့ အကြည့်တွေကလည်း သူ့ပေါင်တံပေါ်မှာတည်မြဲလို့....
"တကယ် စပရိုက်ပဲ"
ကောင်းရောပဲ။ ရွဲ့တဲ့အသံကြီးနဲ့....
စုလုရီ အဲ့လူကြီးသူ့ကိုအမြင်တော်တော်စောင်းနေတာသိပေမဲ့ ဘာလို့လဲဆိုတာတော့တကယ်မသိတာပါ။ သူစကားမပြောတာမြင်တော့ ထိုလူကြီးက
"မင်းကိုယ်မင်း ဘယ်သူဆိုတာရောသိလား ..."
စုလုရီ ပျော်သွားတယ်။ ငါဘာမှ,မှ သိပ်မသိတာ။
Chapter 1
Začít od začátku