သူ့အမြင်မှာတော့ ရင်းချယ်ဆိုတာ အမြဲတမ်း အပတ်တကုတ် ကြိုးစားသူဖြစ်ပြီး ဒါမျိုးတွေအတွက် စိုးရိမ်နေစရာမလိုပေ၊ ကျန့်ယောင်ကတော့ ပေါ့ပျက်ပျက်ပုံစံဆိုပေမယ့် သူလည်းပဲ အိမ်စာတွေအမြဲထပ်တာပဲ၊ အခုလို ဘာသာရပ်ပေါင်းစုံကို အိမ်စာတစ်ခုမှမလုပ်ခဲ့ဘူးဆိုတဲ့ အဖြစ်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။

ဒီမျိုးကောင်းမျိုးစေ့လေးတွေ လမ်းလွဲပြီး ပျက်စီးသွားမှာကို ဝူကောကျုံ အမှန်ပဲ စိုးရိမ်မိတယ်။

"လောင်ရှီး ကျွန်တော် နည်းနည်းတော့ လုပ်ခဲ့တယ်"
ရင်းချယ်က အင်္ဂလိပ်ဖတ်စာအုပ်ကို ဖွင့်ပြလာတယ်။ ထိုထဲမှာ သေသပ်နေတဲ့ မှတ်စုကလေးတွေရှိနေပြီး ဖြေထားတဲ့ အဖြေလေးတွေကလည်း အကုန်လုံးလိုလိုမှန်နေတယ်၊ ဒါပေမယ့် လုပ်ထားတာက တစ်ဝက်တောင် မရှိဘူး။

ဆောင်းရာသီပိတ်ရက်ပေးတာက စုစုပေါင်း ဆယ်ရက်တည်းရယ်၊ ဒီကြားထဲ သူက heatခုနစ်ရက်လောက်ဖြစ်လိုက်တဲ့အတွက် ကျန်တဲ့သုံးရက်ကိုပဲ သူကြိုးစားပြီး လုပ်ခဲ့ရတာဖြစ်တယ်။

ကျန့်ယောင်ကမူ ဘယ်လိုပဲဖြစ်ဖြစ် ပြီးနိုင်မှာလဲမဟုတ်ဘူးဆိုကာ လုံးဝလက်လျှော့ထားပြီး ကျန်တဲ့ရက်ကို ကောင်းကောင်းအနားယူဖို့ သူ့ကိုပါ လာပြောသေးတယ်။

"မင်းတို့နှစ်ယောက် တကယ်ပဲ ဘာတွေလုပ်နေခဲ့လို့လဲ?"
ဝူကောကျုံတကယ်ကို နားမလည်နိုင်ပေ။
"ကိုယ့်ကိုယ်ကို အထင်ကြီးသွားတာလား? မင်းတို့အရင်ကလိုဆို ထိပ်တန်းတက္ကသိုလ်ကို ဝင်နိုင်တယ်ဆိုပေမယ့် အခုလိုသာလုပ်နေရင် စာမေးပွဲ အောင်မှာမဟုတ်ဘူးနော် နားလည်ရဲ့လား?"

ရင်းချယ်က ခေါင်းငြိမ့်ပြလာပြီး
"ဟုတ် နားလည်ပါပြီ၊ တောင်းပန်ပါတယ် လောင်ရှီး ကျွန်တော်ပြင်ပါ့မယ်"

ဝူကောကျုံက အနည်းငယ်သက်သာရာရသွားပြီး ကျန်တဲ့တစ်ယောက်ကို လှမ်းကြည့်တယ်။
"မင်းရော? နားလည်ပြီလား?"

ကျန့်ယောင်ကမူ လက်မခံနိုင်သေးကာ :
"လောင်ရှီး ကျွန်တော့်အထင်တော့....."

ရင်းချယ်က သူ့ခေါင်းကို ဖိချကာ :
"ဘာမှထင်နေစရာမလိုဘူး"

"....နားလည်ပါပြီ၊ တောင်းပန်ပါတယ်၊ လောင်ရှီး"

Pay Attention To Me [Myanmar Translation]Where stories live. Discover now