Chapter - 108

Depuis le début
                                    

"မင်းဒါက ပုန်ကန်တာလား?"
ဟန်မုန့်က ရန်းရီလဲ့အစား ဝင်ပြောလာတယ်။
"ဒုတိယအဆင့်ရခဲ့တယ်၊ မင်းပထမနေရာကနေ ဒုတိယကျသွားတာက အမှန်တော့ ချယ်ကောကြောင့်မဟုတ်ဘူး၊ မင်းကိုယ်တိုင်ကိုက ကိုယ့်ကိုယ်ကို ဒီလိုဖြစ်အောင်လုပ်လိုက်တာ"

"ဟာသပဲ"
ကျန့်ယောင်က နှာမှုတ်ကာ
"ဆောင်းတွင်းပိတ်ရက်တုန်းက ငါလုပ်စရာတစ်ခုရှိနေလို့ စာရေးဖို့အချိန်မရခဲ့ဘူး၊ နောက်ပြီး ချယ်ချယ်နဲ့ ငါနဲ့ကြားမှာ ဘယ်သူပထမရရမယ်ဆိုတာ အရေးကြီးလို့လား? ဘာပဲဖြစ်ဖြစ် တစ်အိမ်သားတည်းချင်းတွေ အတူတူပဲဟာ၊ ဘယ်သူရရပေါ့ ပထမရဖို့ပဲလိုတယ်"

ရင်းချယ် : "......"

ဟန်မုန့် : "ငါလေး သည်းခံ! ဒီ Semesterပြီးရင် နောက်ထပ်ထပ်တွေ့စရာမလို့တာမို့ သည်းခံ သည်းခံထား!"

ရန်းရီလဲ့လည်း မတတ်နိုင်စွာ ထိုမရေးထားရသေးတဲ့ စာရွက်တွေကိုပဲ ကောက်လိုက်ရပြီး နောက်တစ်ယောက်ဆီ ထပ်သွားလိုက်တယ်။
"ရင်းချယ်....အိမ်စာ?"

"မလုပ်ရသေးဘူး"
သူက ယဥ်ယဥ်ကျေးကျေး နောက်ထပ်တစ်ခွန်းထပ်ပြောလာတယ်။
"သွေ့ပုချီ"

"......"

ကျောင်းပြန်ဖွင့်တဲ့ ပထမဆုံးရက်မှာပဲ ဘာသာရပ်ပေါင်းစုံက ကိုယ်စားပြုတွေက ဘာသာရပ်ပေါင်းစုံ အိမ်စာတွေ လိုက်ကောက်တယ်။ ထိူအိမ်စာတွေထဲမှာ နှစ်ယောက်စာ လိုနေတာကို တွေ့လိုက်ရတယ်။

ဖုံးထားပေးလို့လည်း မရတာကြောင့် သူတို့မှာ ဆရာကိုသာ အမှန်တိုင်း သွားတိုင်ရတယ်။

ဒီလိုနဲ့ ရုံးခန်းထဲမှာ တရားခံနှစ်ယောက် မတ်တပ်ရပ်လျက်ရှိနေတယ်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေကြတာလဲ? တတိယနှစ် ဒုတိယတစ်ဖြတ်ကိုတောင် ရောက်နေပြီ၊ အိမ်စာတစ်လုံးမှ မရေးခဲ့ဘူး ဟုတ်လား?"
ဝူကောကျုံဆိုသည်မှာ ဒေါသထွက်ခဲသူ ဖြစ်တယ်။
"ဒီဆောင်းတွင်းပိတ်ရက်တစ်ခုလုံး ဘာသွားလုပ်နေကြတာလဲ? ဂိမ်းဆော့နေတာလား? ရည်းစားလိုက်ပိုးနေတာလား? တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုရော ဖြေရောဖြေချင်ကြသေးရဲ့လား ဟမ်? မင်းတို့နှစ်ယောက် အရင်က ဒီလိုမဟုတ်ပါဘူး"

Pay Attention To Me [Myanmar Translation]Où les histoires vivent. Découvrez maintenant