True Star _Vol 4_ Chapter (12): ရေခဲတုံးကြီး စေ့စပ်တော့မယ်

Começar do início
                                    

"Tang Feng ၊ မင်းလည်း ဒီကို ညစာစားဖို့လာတာလား။"

"ဟုတ်တယ်၊ ကံမကောင်းစွာပဲ ဒီနေ့ စားသောက်ဆိုင်မှာ ကြိုတင်မှာကြားထားတဲ့ စားဝိုင်းတွေ ပြည့်ကျပ်နေတယ်။"

ထို့နောက် Tang Feng သည် သူတို့ဆီကို တဖြည်းဖြည်း ချဉ်းကပ်လာနေသော Lu Tian chen အား ကြည့်လိုက်သည်။ သူနှင့် Lu Tian chen သည် လမ်းခွဲလိုက်သော်လည်း လုံးဝ အဆက်သွယ် ဖြတ်လိုက်သည် မဟုတ်ပေ။ တစ်ချိန်ကရှိခဲ့သော ချစ်ခြင်းမေတ္တာနှင့် ဆက်ဆံရေးက ဆက်လက်မရှိတော့တာလွဲရင် သူတို့သည် အနည်းဆုံး သူဌေးနှင့် ဝန်ထမ်းအဖြစ် ဆက်ဆံရေးတစ်ခုတော့ ကျန်နေသေးသည်။

ဝန်ထမ်းတစ်ယောက်အနေနဲ့ Tang Feng က သူ့သူဌေးကို တွေ့လျှင် ရိုသေစွာ နှုတ်ဆက်နေရတုန်းပါပဲ။

" သူဌေးလု.... ဘယ်တုန်းက ပြန်ရောက်တာလဲ"

Tang Feng သည် Lu Tian chen ကို ကြည့်လိုက်သည်။ နည်းပြက သူ့မိသားစုနဲ့ တစ်ပတ်လောက် အတူနေပေးဖို့လိုလို့ ခွင့်ယူသွားသည်ကို Lu Tianchen သိသင့်တယ် ၊ ဒါကြောင့် Tang Feng က သူ ဘာကြောင့် ဒီမှာရှိနေတာလဲ သူ့သူဌေးကို ရှင်းပြဖို့ လိုမယ်မထင်ဘူး။

"စားသောက်ဆိုင်တစ်ဆိုင်လုံးကို ရက်ရက်ရောရော ကြိုတင်မှာယူထားတဲ့လူက မစ္စတာလုလို့ ကိုယ် ထင်ပါတယ်။"

Charles က ပြုံးပြုံးရွှင်ရွှင်နဲ့ ရှေ့ကို လှမ်းပြီး လေးထောင့်ကျကျ သူ့မေးရိုးကို နည်းနည်းမြှင့်လိုက်ကာ ရုပ်ရှင်ဇာတ်ကားထဲက လူဆိုးဂိုဏ်းနဲ့ခေါင်းဆောင်တစ်ယောက်လို ထီမထင်ဟန်ဖြင့် မေးလိုက်သည်။

ဒီလိုမျိုး- ရက်စက်ပြီး အန္တရာယ်များတဲ့ အမျိုးသားတွေဟာ ဆန့်ကျင်ဘက်လိင်အတွက် အမြဲတမ်း ဆွဲဆောင်မှု ပြည့်လို့နေသည်။ Lu Tian chen ဘေးက အမျိုးသမီးက Charles ကို နှစ်ကြိမ်တိုင်တိုင် မကြည့်ပဲ မနေနိုင်အောင် ငေးမောလိုက်မိသည်ကို Charles က ချက်ချင်း ဖမ်းမိလိုက်သည်။

Charles က အမျိုးသမီးကို တမင်တကာ ပြုံးပြပြီး ရှေ့ကို လှမ်းပြီး ခပ်ရွှင်ရွှင် နူတ်ဆက်လိုက်သည်။

"တကယ်လှတဲ့ အမျိုးသမီးလေးပဲ.....ဥက္ကဌလု....သူက မင်းရဲ့ရည်းစားလား?"

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Onde histórias criam vida. Descubra agora