''17''(Unicode)

172 11 0
                                    

''17''

ဘန်ကောက်လို မြို့မျိုးမှာ ဘယ်တော့မှ နှင်းမကျဘူး၊ ချစ်သူနှစ်ယောက်က ဘယ်တော့မှ မခွဲခွါရဘူးလို့ ထင်ထားခဲ့ကြပေမယ့် .
နောက်ဆုံးတော့ ....

''ဘန်ကောက်မြို့လေးမှာ နှင်းတွေကျလာခဲ့ပါတယ် တဲ့...''

(၃ နှစ်ကြာပြီးနောက်....)

ရှောင်ကျန့်ဟာအရင်တိုင်းပဲ company ကိုဆက်လက်ဦးစီးနေခဲ့တယ်

သူလက်မထပ်ဖြစ်ခဲ့ပါဘူး လက်ထပ်ပွဲကိုသူကိုယ်တိုင်ဖျတ်သိမ်းခဲ့ပြီး ချင်း company နဲ့ပူးပေါင်းထားမှုကိုလဲ ဖျတ်သိမ်းခဲ့ပါတယ်
သူ့အမေလဲဘာမှတားခွင့်မရှိလိုက်ပါဘူး

ဒါပေမယ့်စိတ်မကောင်းစွာပဲ လွန်ခဲ့တဲ့ ၂နှစ်ကပဲဲဲ ရှောင်ကျန့်ရဲ့အမေဖြစ်သူ ရှောင်မင်ယွဲ့တစ်ယောက်ဆုံးပါးသွားခဲ့ပါတယ်

ရှောင်ကျန့်ဟာလွန်ခဲ့တဲ့၃နှစ်ကစပြီး အရာရာကိုသူ့စိတ်တိုင်ကျသူသဘောအတိုင်ပဲလုပ်ဆောင်လေ့ရှိတော့တယ်

ဘယ်သူ့ချုပ်ကိုင်မှုကိုမှလက်မခံတော့ဘူး၊

သူ့ရဲ့ဝတ္ထုလေးအသစ်နောက်တစ်ပုဒ်ထက်ပြီးရေးခဲ့တယ်

သေချာပေါက် သူ့ဘဝရဲ့အမှတ်ရခဲ့ဆုံးသူရသူနဲ့သူ့ရဲ့ဘဝဇာတ်ကြောင်းကိုရေးသားထားခြင်းဖြစ်တာပေါ့

အခုလဲအဲ့ဝတ္ထုကိုဇာတ်လမ်းပြန်ရိုက်ဖို့လုပ်နေခြင်းဖြစ်သည်

''CEO ရှောင်...''

အတွင်းရေးမှူးရဲ့ခေါ်သံကြောင့်ရှောင်ကျန့်အတွေးတွေရပ်တန့်သွားတော့တယ်

''ဝင်ခဲ့ ''

''ကျွန်တော်နောက်ထွက်မယ့် ဇာတ်လမ်း ပိုစတာ အတွက် တဇိုင်းရေးဆွဲပေးမယ့်သူစီစဥ်ပြီးသွားပါပြီ''

''အင်း...မင်းပဲကြည့်လုပ်လိုက်ပါ''

''ဟုတ်ကဲ့ သွားခွင့်ပြုပါအုံး ကျွန်တော်ဖိုင်ထားခဲ့မယ်နော်''

''စားပွဲပေါ်တင်ခဲ့လိုက်''

ရိပေါ်လား....?

ရိပေါ်တစ်ယောက်(21.10.2022) သူနဲ့ရှောင်းလမ်းခွဲဲပြီး သူထွက်သွားခဲ့တဲ့အချိန်ထဲကစလို့ တရုတ်ကိုပြန်သွားခဲ့ခြင်းဖြစ်တယ်

EventuallyWhere stories live. Discover now