''13''(Zawgyi)

29 2 0
                                    

''13''

''အန်တီလိုရင်းကိုပဲပြောချင်တယ်''

''ဟုတ်ကဲ့လိုရင်းကိုပဲပြောပါ''

''အန်တီ့သားနဲ့လမ်းခွဲပေးပါ''

''ဗျာ...''

''အန်တီပြောချင်တာက သားဘက်ကပဲအရင်နောက်ဆုတ်ပေးပါ''

''အကြောင်းပြချက်ကဘာလဲအန်တီ''

''မင်းလိုယောက်ျားလေးတစ်ယောက်နဲ့သဘောမတူနိုင်လို့ပဲ ပြီးတော့ရှောင်ကျန့်မှာစေ့စပ်ထားတဲ့လူရှိပြီးသား မကြာခင်သူတို့ကလက်ထပ်ကြတော့မှာ''

''ဘာ...အန်တီ ရှောင်းမှာစေ့စပ်ထားတဲ့လူရှိတယ်ဆိုတာ''

ရိပေါ်နားမလည်နိုင်စွာပဲထက်မေးလိုက်မိတယ် ဟင့်အင်းရှောင်းကအဲ့လိုလူမျိုးမဟုတ်ဘူး ရှောင်းကသူ့ကိုပဲချစ်တာ ရှောင်းသူ့ကိုလိမ်မှာမဟုတ်ဘူး

''ဟုတ်တယ်လေ မကြာခင်ကပဲချင်းအိမ်တော်ကတစ်ဦးတည်းသောသမီး ချင်လီနဲ့ နဲ့ ရှောင်းအိမ်တော်ရဲ့တစ်ဦးတည်းသောသားရှောင်ကျန့်တို့ကစေ့စပ်ထားပြီးကြပြီ မကြာခင်မှာပဲလက်ထပ်ကြတော့မှာ''

''ဟင့်အင်း အန်တီဘာတွေပြောနေတာလဲကျွန်တော်နားမလည်ဘူး ကျွန်တော် ဘာမှလဲမသိဘူး သိလဲမသိချင်ဘူး''

''အန်တီကအကောင်းနဲ့လာပြော ပေးတာပါ မင်းရှိနေတော့အခုရှောင်ကျန့်ကမင်းကိုအားနာပြီးလက်ထပ်ပွဲကိုအခုထိလက်မခံနိုင်ဖြစ်နေတယ်''

''အဲ့တော့....ကျွန်တော့်ဘက်ကပဲအရင်နောက်ဆုတ်ပေးရမယ်ပေါ့အန်တီ''

''မင်းသာရှောင်ကျန့်ကိုတကယ်ချစ်ရင်မင်းချစ်တဲ့လူကို ဒီထက်ပိုပြီးမကောင်းစားစေချင်ဘူးလား''

''ဘာလဲကျွန်တော်ကယောက်ျားလေးတစ်ယောက်ဖြစ်နေလို့ပေါ့ အခုခေတ်မှာအဲ့တာမျိုးတွေက...!!!...ပြီးတော့ဒီလိုမျိုးနိုင်ငံမှာ ဒါတွေကရိုးနေပါပြီ အန်တီ''

''ငါပြောချင်တာက မင်းလိုhandouts တဇိုင်းရေးဆွဲသူ တစ်ယောက်နဲ့လက်ထပ်တာထက်စာရင် company ပိုင်ရှင်သူဌေး သမီးနဲ့လက်ထက်တာက ရှောင်ကျန့်အတွက် ပိုပြီးမသင့်တော်ဘူးလား မင်းစဉ်းစားကြည့် အကြီးဆုံး company နှစ်ခုပေါင်းစီးလိုက်ရင် ရှောင်ကျန့်ဘယ်လောက်တောင်အောင်မြင်သွားမလဲ''

''အခုလဲ အန်တီတို့ကအောင်မြင်နေတာပဲမဟုတ်လား''

''ပိုအောင်မြင်ရင်ရော''

''အန်တီကလောဘကြီးလိုက်တာ''

''အေး ငါလုပ်တာကငါ့သားကောင်းစားဖို့ပဲ''

''အန်တီ့လောဘက ချစ်ရတဲ့လူနှစ်ဦးကိုခွဲနေတာနော်.... ပြီးတော့ရှောင်းက ကျွန်တော်နဲ့ခွဲရရင်ရော ဒီအောင်မြင်မှုတွေနဲ့စိတ်ချမ်းသာနေမယ်ထင်လား''

''ဘာပဲဖြစ်ဖြစ် ကြာရင်အကုန်မေ့ပျောက်သွားမှာပဲ မင်းသာနောက်ဆုတ်မယ်ဆိုရင်ပေါ့..!!..မင်းအတွက်မနစ်နာစေရပါဘူး''

''ဘာလဲကျွန်တော့်ကို ပိုက်ဆံနဲ့ပေါက်ပြီးအန်တီသားကိုလမ်းခွဲဖို့ပြောမလို့လား''

''...''

''စိတ်ချအန်တီ ကျွန်တော်ရှောင်းဆီက အတည်ပြုချက်သာရခဲ့ရင် အန်တီလိုချင်သလိုဖြစ်စေရမယ်''

''ကောင်းပြီလေ''

''ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါအန်တီ''

ရိပေါ် မျက်ရည်တွေကိုမကျမိအောင်ထိန်းချုပ်ထားရင်းလှည့်ထွက်လာခဲ့တယ် သူတိကျတဲ့အဖြေတစ်ခုကိုလိုချင်တယ် သူအခုရှောင်းနဲ့တွေ့ဖို့လိုတယ်

ရိပေါ်ချက်ချင်းပဲ ရှောင်းcompany ကိုလက်သွားခဲ့တယ် ရှောင်ကျန့်ထိုင်တဲ့ရုံးခန်းကိုရောက်တော့ဇောနဲ့ တံခါးမခေါက်ပဲဖွင့်လိုက်မိတယ်

သူရုတ်ချင်းပြိုလဲသွားတော့မလိုခံစားလိုက်ရတယ် တိုက်အမြင့်ကြီးကနေပြုတ်ကျသွားသလိုပဲ သူမှားသွားခဲ့တယ် ရှောင်းကသူ့ကို

အကြာကြီးလိမ်ထားခဲ့တာလား

ရိပေါ်မြင်လိုက်ရတဲ့မြင်ကွင်းက..........

EventuallyWhere stories live. Discover now