''15''(Zawgyi)

40 2 0
                                    

''15''

ရိပေါ်မနက်3နာရီလောက်နိုးထလာခဲ့သည်

နိုးလာလာခြင်းထလိုက်တော့စားပွဲပေါ်ကစာလေးကိုကြည့်လိုက်မိတယ်

''အကိုပြန်နှင့်ပြီရိပေါ် ဘာဖြစ်ခဲ့လဲအကိုမသိပေမယ့် အဆင်ပြေသွားမှာပါနော်ညီ ညိ့ဘက်မှာပဲအကိုရှိတယ် မနက်ဖြန်အကိုတရုတ်ကိုပြန်ရတော့မယ် နှုတ်ဆက်ပါတယ်နော် ညီ အကိုအဆက်သွယ်အမြဲလုပ်ပါမယ်''

ရိပေါ် မနေ့ကအကြောင်းတွေကိုပြန်တွေးမိလိုက်တာကြောင့် ဝမ်းနည်းလာခဲ့တယ် သူ့အိပ်ယာဘေးက စားပွဲခုံပေါ်ကစာအုပ်လေးကိုလှမ်းယူလိုက်တယ် စာအုပ်လေးကြားထဲကဓာတ်ပုံလေးတစ်ပုံကိုထုတ်ကြည့်လိုက်မိတယ်

ဟုတ်တာပေါ့သူနဲ့ရှောင်း ရိုက်ထားခဲ့တဲ့ပုံလေးဒါပေမယ့်ဓာတ်ပုံလေးကပုံစံကျမနေခဲ့
ဓာတ်ပုံလေးရဲ့ ခလယ်ကနေရာလေးကိုခေါက်ပြီးဝှက်ထားသည်အစွန်နှစ်ဖတ်လေးသာအပြင်၌ပေါ်နေခဲ့ခြင်းဖြစ်သည် ဓာတ်ပုံရဲ့နောက်ကျောမှာဝှက်ထားပြီးခေါက်ထားတဲ့အရာလေးပြေသွားမှာဆိုးတာကြောင့်ကော်လေးကပ်ထားသည်

ရိပေါ် ထိုကော်လေးကိုခွာလိုက်ပြီး ဓာတ်ပုံလေးရဲ့မူကပုံစံအတိုင်းပြန်ဖြစ်သွားခဲ့တယ်

ဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကလက်တကမ်းအကွာလောက်ကနေတစ်ယောက်ကိုတစ်ယောက်ကြင်နာတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်

ခေါက်ထားတုန်းကတော့ ဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကနီးစပ်နေခဲ့တာပေါ့

ဟုတ်တာပေါ့ခေါက်ချိုးရာလေးကြောင့်သာဓာတ်ပုံလေးထဲကကောင်လေးနှစ်ယောက်ကနီးခဲ့ကြတာ တကယ်တော့သူတို့ဟာ လက်တကမ်းအကွာအဝေးမှာရှိနေခဲ့ကြတာမဟုတ်လား


ရိပေါ်မထိန်းချုပ်နိုင်တော့ပါ မျက်ရည်များဟာပြိုကျလာခဲ့တယ် အိပ်ယာပေါ်မှာကွေးကွေးကလေးငိုနေခဲ့တယ်

ရိပေါ်စားပွဲပေါ်ကတင်ထားတဲ့လက်စွပ်လေးကိုထက်ပြီး လှမ်းယူလိုက်တယ်

လက်စွပ်ကလေးကနှစ်ကွင်းအလယ်ကသံကြိုးလိုပုံဖော်ထားတဲ့ကြိုးအသေးစားလေးဆက်သွယ်ထားတာပေါ့

အဲ့လိုဆိုလက်စွပ်က ကြိုးလေးနဲ့ဆက်သွယ်ထားတာကြောင့် ရှောင်းကသူ့ကိုနှစ်ကွင်းစလုံးအပ်ထားခဲ့တယ်

ရှောင်းကပြောတယ် ဒီကြိုးလေးကိုဖြတ်မပစ်ချင်ဘူးတဲ့ ဒီလက်စွပ်လေးကိုသူနဲ့ရှောင်းအတူဝတ်ကြည့်ဖူးတာပေါ့

အရာရာဟာရှောင်းနဲ့သူ့ရဲ့ အမှတ်ရတတွေကြီးပဲ

ရိပေါ်မျက်ရည်တွေကြားကလက်စွပ်ကလေးနှစ်ကွင်းကိုဆွဲဖြတ်လိုက်တယ်

အခုသူတို့သံယောဇဉ်ကဒီလက်စွပ်လေးနှစ်ကွင်း အလားပေါ့

လက်စွပ်လေးထဲကတစ်ကွင်းကို ရိပေါ်ဝတ်လိုက်တယ်

ရိပေါ်အခုသူဘာဆက်လုပ်သင့်လဲ........








တစ်ဖတ်တွင်....

ရှောင်ကျန့်တစ်ယောက်ညတွင်းချင်းရိပေါ်နောက်လိုက်သွားမယ်ပြင်ခဲ့ပေမယ့်

မိခင်ရဲ့တားဆီးမှုကိုမလွန်ဆံနိုင်ခဲ့ဘူး သူ့ကိုသူတော်တော်လေးနာကျဉ်းမိတယ် ဒီလိုအချိန်မျိုးမှာကိုတောင်မှပေါ့

ဒါပေမယ့်သူမှီအောင်...
မနက်မလင်းခင်ထဲက သူထွက်လာခဲ့တယ်

ဒီနေ့ရာသီဥတုဟာ ထူးစမ်းစွာအေးစက်နေခဲ့တယ် မြူများအုံ့နေခဲ့တယ် ခါတိုင်းဘန်ကောက်မြို့ရဲ့ဆောင်းတွင်းရာသီဥတုရဲ့အချမ်းဓာတ်ဟာလွန်ကဲတက်တာသိပေမယ့်
ဒီနေ့ပိုနေခဲ့တယ်

ရှောင်ကျန့် ကအိမ်ထွက်လာပြီးပြီးချင်း ကားမောင်းရင်းဖုန်းမှလဲဝမ်ဆိုတဲ့နာမ်စားလေးကိုဆက်သွယ်လို့ရအောင်ကြိုးစားနေခဲ့တယ်

ဒါပေမယ့် block အထားခံရတဲ့ဖုန်းလေးဟာလှောင်ပြုံးနေခဲ့တယ်




ဒါပေမယ့်မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားခဲ့တယ်...

ရှောင်ကျန့်ကားရဲ့ ရေဒီယိုကပြန့်လွှင့်လာတဲ့ သတင်း တစ်ခု

''ယခုနေ့(9.8.2022) မနက် 5နာရီအချိန်တွင်ထိုင်းနိုင်ငံ၌ထူးစမ်းစွာရာသီဥတုဖောက်ပြန်ခြင်းနှင့် အအေးဓာတ်လွန်ကဲမှုတို့ကြောင့် ထူးစမ်းစွာပဲမြူနှင်းတွေဟာ ထိုင်နိုင်ငံနေရာအချို့တွင်ကျရောက်လာမယ်လို့ခန့်မှန်ရပါတယ်ရှင်..''

(ကိုယ်က ထိုင်းမှာသီတင်းကြေငြာတာဘယ်လိုလဲသေချာမသိတော့ စိတ်ကူးနဲ့ရေးလိုက်တာပါနော်...)

EventuallyWhere stories live. Discover now