''3''(Zawgyi)

58 6 0
                                    

''3''

''သားလေး ကျန့်ကျန့် မားမားဆီိကိုလာပါအုံးကှယျ''

''မားမားသားကိုဘာပြောစရာရှိလို့လဲ''

''ကျန့်ကျန့်လဲ မားရဲ့ ကျန်းမာရေးအကြောင်းသိတယ်မလား ကွယ်''

''ဟုတ်ကဲ့''

''အဲ့တာ...မားစကားကိုသားအခုနားထောင်စေချင်ပြီကွယ်''

''သားကို အိမ်ထောင်ချပေးချင်နေပြီလို့ဆိုလိုတာလား''

''ဟုတ်တယ်လေကွယ် သားလဲမငယ်တော့ဘူး မားကလဲကြာကြာနေရတော့မယ်မထင်ဘူး''

''မားးး မားရဲ့အခြေနေကအဲ့လောက်မဆိုးသေးပါဘူးဗျာ''

''ဒါပေမယိလဲသားရယ် မား မသေခင်သားကိုစိတ်ချ ထားခဲ့ချင်တယ်''

''သားအိမ်ထောင်မပြုချင်သေးဘူး''

''သားမှာချစ်သူရှိပြီလား အဲ့တာကြောင့်လား''

''သားမှာ.......''

''မရှိသေးဘူးမဟုတ်လားကွယ် အဲ့တာဆို မား စကားကိုနားထောင်နော်''

''သား......''

''ချင်းလီလေးက မား သူငယ်ချင်းရဲ့သမီးလေးပြီးတော့သားနဲ့ရွယ်တူ ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလဲနားလည် ရုပ်ခလေးကလဲမဆိုးပါဘူး သားကိုလဲစိတ်ဝင်စားပုံရတယ် ''

''ဒါမယ့်သားမှသူ့ကိုမကြိုက်တာ''

''ဒီလိုပဲပေါ့ နောက်ကျရင်သားလဲသူ့ကိုသဘောကျသွားမှာပါ''

''သားလက်မခံနိုင်.....''

''သား ကျန့်ကျန့် မား အခုသေသွားတာကိုသားကြည့် နေချင်လို့လားဟင်''

''မဟုတ်ဘူး မားးး....''

''အဲ့တာဆို မင်းငါ့စကားနားထောင်ရမယ်''

''မားမား...''

ရှောင်ကျန့်တစ်ယောက်ဘာမှမပြောနိုင်ဘဲလှည့်ထွက်လာခဲ့တယ် သူ့အမေအကြောင်းကိုသူသိတယ် သူလုပ်ချင်တာကိုမရရတဲ့နည်းနဲ့လုပ်လိမ့်မယ်

သူဘာလုပ်သင့်လဲ ရိပေါ်ကိုထိခိုက်လာနိုင်တယ် လက်ခံလိုက်ရင်လဲ ရိပေါ်သူ့ကိုအထင်လွဲသွားလိမ့်မယ် ရှောင်ကျန့်တယ်ယောက်အတွေးပေါင်းစုံနဲ့ ရိပေါ်နဲ့ချိန်းထားရာ ဆိုင်လေးကိုကားနဲ့ထွက်လာခဲ့လိုက်တယ်




EventuallyTahanan ng mga kuwento. Tumuklas ngayon