''8''(Unicode)

83 10 2
                                    

''8''

မနက်စာစားနေရင်းရှောင်ကျန့်ကနေစကားစလိုက်တယ်

''ကိုယ်တို့ဒီနေ့အိမ်နောက်ကတောလေးထဲကရေကန်လေးဆီသွားလည်ကြမလား ဟင်ဝမ်''

''ကောင်းသားပဲ ငါမရောက်ဖြစ်သေးဘူး အတူသွားကြမယ်လေ''

''အင်း''


''ဝါး...ရှောင်းရေဒီမှာလာကြည့်ပါအုံးလှလိုက်တာ ရေကန်လေး အဟီး''

ရိပေါ်မှာခလေးတစ်ယောက်သဖွယ်ပြေးလွှားရင်းပျော်ရွှင်နေလေရဲ့

''ရေလေးတွေကကြည်နေတာပဲနော်''

''ဝမ် ရေကူးကြည့်ချင်လား''

''ရတယ်လား''

''ရတာပေါ့ ဝမ်ရဲ့ဒါမှတကယ့်သဘာဝရေကူးကန်လေးပဲ''

''အယ်ဘယ်လိုကူးမလဲ''

''ဒီလိုလေ''

ဟုရှောင်ကျန့်ကဆိုကာ အပေါ်အဝတ်အစားတွေကောဘောင်းဘီကိုရော ချွတ်လိုက်ပြီးရေကန်နားကိုဆင်းသွားတယ်

''အားးးးး ရှောင်း မင်းဘာလုပ်တာလဲ''

ရိပေါ်ကမျက်လုံးကိုလက်နဲ့အုပ်ပြီးအော်လိုက်တယ်

''ကိုယ်အောက်မှာ ဘောင်းဘီတိုပါပါတယ်ဝမ်ရယ်''

''ဟုတ်လို့လား''

ရိပေါ်ကမျက်လုံးမဖွင့်သေးခြေ

''တကယ်ပြောတာ ဒီမှာကြည့်''

ရှောင်ကျန့်အဲ့လိုပြောမှရိပေါ်ကမရဲတရဲမျက်လုံးကိုဖွင့်လိုက်တယ်

''ဝမ်ရောရေမကူးဘူးလား''

''ကူးချင်တယ် ဒါပေမယ့်...''

''ဒါပေမယ့်ဘာဖြစ်လဲဝမ်ရဲ့!!!အာ...အဝတ်တွေချွတ်ရမှာဆိုးလို့လား အောက်မှာဘောင်းဘီတိုဝတ်မထားဘူးလား''

ရှောင်ကျန့်ရဲ့ပြုံးစစ အမေးစကားကိုရိပေါ်က

''ဘာလဲ ဘာလဲ ပါပါတယ်နော်''

''အာ့ ဆိုလာလေ''

''ဟို....''

''ဘာလဲကိုယ့်ကိုရှက်နေတာလား...!!မရှက်ပါနဲ့ကွာ မမြင်ဖူးတာလဲမဟုတ်ဘဲနဲ့''

''ရှောင်း မင်းနော်''

''အဟက်..မဟုတ်လို့လားဝမ်ရဲ့ ဟင်......''

''အားးးးး တော်တော့လို့နော်ရှောင်း''

''ဟားဟား ဟုတ်ပြီပြီမစတော့ဘူးနော် အဟဲ''

''ဘာလို့ရှက်ကမှာလဲဟွန့် မင်းလဲယောက်ျားငါလဲယောက်ျားပဲဟာကို ဒီမှာလာပြီ''

ဆိုပြီးရိပေါ်က အဝတ်အစားတွေချွတ်ပြီး ရှောင်ကျန့်နားကိုဆင်းလာခဲ့တယ်

''ငါပြောချင်တာက ငါမှရေမကူးတက်တာ လို့''

''အဲ့တာများဝမ်ရယ်ကိုယ်ရှိနေတာပဲဟာကို''

ရှောင်ကျန့်ကရှေ့ကနေဦဆောင်ပြီး ရေကန်ထဲကိုဆင်းသွားခဲ့တယ် ရင်ညွှန့်လောက်ရောက်တော့မှရိပေါ်ကိုလှန်းခေါ်လိုက်တယ်

''လာခဲ့ဝမ် ကိုယ်ရှိတယ်မကြောက်နဲ့''

ရိပေါ်လဲရေထဲကိုမရဲတရဲဆင်းသွားခဲ့ပြီး ရှောင်ကျန့်နားရောက်တော့သူ့အရပ်ကမမှီတော့ဘူးလေ

''အိ... ရှောင်း ငါအရပ်မမှီတော့ဘူး ''

''လာကိုယ့်အနားကို''

ရှောင်ကျန့်လက်ကိုလှန်းကိုပြီး အနားရောက်တော့လက်တွေကိုရှောင်ကျန့်ရဲ့လည်တိုင်မှာချိတ်တွယ်လိုက်ရင်း ရှောင်ကျန့်ကိုနှီးလေးခိုထားလေရဲ့

ရှောင်ကျန့်ကလဲရိပေါ်ရဲ့ခါးလေးကိုပြန်ဖတ်ထားရင်း

''တအားမကြောက်နဲ့နော် ကိုယ်ရှိတယ် ပြီးတော့တအားကြီးခိုမထားနဲ့ကိုက်မနိုင်တော့ရင်နှစ်ယောက်လုံးမြုတ်သွားမယ်.!!. ဒီကိုကြည့် ကိုယ်မျက်နှာကိုကြည့်''

ရှောင်ကျန့်ရဲ့အပြောစကားကြောင်းရိပေါ်က ရှောင်ကျန့်ကို မော့်ကြည့်လိုက်တယ်

ရှောင်ကျန့်သူ့ကိုမော့်ကြည့်လာတဲ့ချစ်ရသူလေး လှပတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ ပါးဖောင်းဖောင်းလေးနဲ့ နှာတံဆင်းဆင်းနှာခေါင်းလုံးလုံးလေးတွေရယ်သဘာဝအတိုင်းပန်းရောင်သန်းနေတဲ့နှုတ်ခမ်းဖူးဖူးလေး

ရှောင်ကျန့်အကြည့်တွေကအောက်ပိုင်းနှုတ်ခမ်းလေးဆီရောက်သွားမိတော့ စိတ်မထိန်းနိုင်စွာပဲနှုတ်ခမ်းလေးကိုနမ်းလိုက်မိတယ်

EventuallyWhere stories live. Discover now