''14''(Unicode)

86 9 0
                                    

''14''

ရိပေါ်မြင်လိုက်ရတဲ့မြင်ကွင်းက......

ရှောင်ကျန့်က မိန်းခလေးတစ်ယောက်ရဲ့ခါးကိုဖတ်ထားပြီး သူတို့တအားနီးကပ်နေတယ် နောက်ကျောဘက်ကမြင်ရတာဆိုတော့သူသေချာမမြင်ရဘူး သေချာတာတစ်ခုကတော့ထိုမိန်းခလေးနဲ့ ရှောင်ကျန့်မျက်နှာဟာနီးကပ်နေသည်

ရှောင်ကျန့် ချင်းလီတစ်ယောက်ခြေထောက်ခေါက်ပြီး လဲကျသွားသည်ကိုထိန်းဖမ်းလိုက်မိခြင်းဖြစ်သည်

ဒါပေမယ့်မထင်မှတ်ပဲ ထိုအချိန်ကိုက်မှာမှရိပေါ်ရောက်ရှိလာခဲ့တယ်

ဝမ်သူ့ကိုအထင်လွဲသွားခဲ့ပြီ

''ဝမ်...ကိုယ်မဟုတ်''

''အာ......တောင်းပန်ပါတယ် ကျွန်တော်အချိန်မှားပြီးရောက်လာမိတယ် ဆက်လုပ်ကြပါ...အဟက်''

''ဝမ်...ဝမ်ငယ်...''



ရှောင်ကျန့်က ချင်းလီကိုပစ်ချပြီး ထွက်သွားတဲ့ရိပေါ်နောက်ကိုအပြေးလိုက်လာမိတယ်



ရိပေါ်ကားပါကင်အောက်ဆုံးထပ်ကိုရောက်တော့နောက်ကနေ အဖတ်ခံလိုက်ရတယ်

''လွှတ်....ကျွန်တော့်ကို လွှတ်''

''ကိုယ်ရှင်းပြပရစေ ဝမ်ရယ်''

''ဟင့်အင်းကျွန်တော် အကုန်သိပြီ''

''မဟုတ်...မဟုတ်ပါဘူးကွာ''

''ခင်ဗျားကျွန်တော့်ကို တစ်ချိန်လုံးလိမ်ခဲ့တာပဲရှောင်း ဟင်...ခင်ဗျားပျော်လား ကျွန်တော့်ကိုကစားရတာပျော်လား စေ့စပ်ထားတဲ့မိန်းခလေးရှိပါရက်နဲ့ ကျွန့်တော့်ကိုမှ....ဟင် ဘာလို့များလက်ထပ်ခါနီးအထိတောင်....''

ရိပေါ်ထိန်းမထားနိုင်တော့ပါဘူး မျက်ရည်တွေတစ်သွင်သွင်ဆီးကျလာပါတော့တယ် တင်းကျပ်စွာအဖတ်ခံထားရတဲ့ရှောင်ကျန့်လက်တွေကသူရုံးနေပေမယ့် သူ့အားတွေမရှိတော့ပါဘူး

ထို့အတူ ရှောင်ကျန့်ရဲ့မျက်လုံးမှာလဲမျက်ရည်တွေဆီးကျနေတယ်

သူမှားခဲ့ပြီ အခုချစ်ရသူကိုဆုံးရုံးရတော့မှာလား

''ကိုယ်...ကိုယ် ဒါတွေအားလုံးဘာမှမသိခဲ့ရပါဘူးကွာ ကိုယ်ဝမ့်ကိုပဲချစ်တာပါ''

''ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေးပါတော့ရှောင်း''

ရှောင်ကျန့် လက်တွေပြေရော့သွားခဲ့တယ်

ရိပေါ်ထွက်သွားတဲ့နောက်ကျောပြင် ကိုရှောင်ကျန့်ကထူးထောက်ထိုင်ချပြီးငေးကြည့်နေရင်းကမှ ကျန်နေခဲ့မိတယ်












''ဟလို.....အကိုလင်းချန် ကျွန်တော့်ဆီကိုအခုလာခဲ့ပေးလို့ရမလား''

''အကိုအခုလာခဲ့မယ် စောင့်နေပေးနော်ရိပေါ်''

''ဟုတ်ကဲ့ #%^*& ဆိုင်ပါ''

လင်းချန် ရိပေါ်ပြောတဲ့ဆိုင်ကိုထွက်လာခဲ့တယ် ရိပေါ်အခုချိန်တစ်ခုခုဖြစ်နေတာကိုသူသိတယ်



လင်းချန်ရောက်သွားတော့တွေ့လိုက်ရတဲ့မြင်ကွင်းက လင်းချန်ရဲ့ရင်ဝကိုစို့နင့်သွားစေတယ်

မျက်ရည်တွေနဲ့အပြိုပြိုအလဲလဲဖစ်နေတဲ့ရိပေါ်

''ရိပေါ်...ညီ ဘာဖြစ်နေတာလဲဟင် အရက်တွေသောက်ထားတာလား''

''အာ...အကိုလင်းချန်လား ကျွန်တော့်အသက်မရှင်ချင်တော့ဘူးဗျာ..''

''ညီအရင်ဆုံးပြန်ရအောင်နော်...''



ရိပေါ်အိမ်ကို လင်းချန်ကိုယ်တိုင်လိုက်ပို့ပေးခဲ့တယ်

အိမ်ရောက်တော့ ရိပေါ်ကိုသန့်ရှင်းရေးလုပ်ပေးပြီးအိပ်ယာပေါ်တင်ပေးလိုက်တယ်

ထိုအချိန်မှအမူးသမားလေးရိပေါ်ကလင်းချန်ကို ကမူးကရူးနဲ့ထပြောတယ်

''အကိုသိလားဗျာ...ရှောင်းကကျွန်တော့်ကိုတစ်ချိန်လုံးလိမ်ခဲ့တာဗျ... သူ့မှာလက်ထပ်မယ့်သူရှိရက်နဲ့ဗျာ....ကျွန်တော်...ကျွန်တော်''

စကားမဆုံးခင်ပဲ ရိပေါ်တစ်ယောက်အိပ်ပျော်သွားခဲ့တယ်

လင်းချန် ရိပေါ်တစ်ယောက်ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် သူချစ်ရတဲ့လူသားလေးကဒီလိုအဖြစ်မျိုးဖြစ်နေရတော့ဘယ်ကြည့်ရက်နိုင်မလဲ

ဒါပေမယ့်သူဘယ်တက်နိုင်မလဲ သူရိပေါ်ကိုချစ်တဲ့အချစ်တွေကို ရိပေါ်သိအောင်ကြိုးစားတော့မှာမဟုတ်ဘူး

ရိပေါ်ရဲ့စားပွဲပေါ်မှာစာလေးတစ်စောင်ရေးပေးခဲ့ပြီး လင်းချန်ပြန်ခဲ့လိုက်တယ်

EventuallyWhere stories live. Discover now