''16''(Zawgyi)

52 2 0
                                    

''16'' (Finale)

ရှောင်ကျန့်ကားရဲ့ ရေဒီယိုကပြန့်လွှင့်လာတဲ့ သတင်း တစ်ခု

''ယခုနေ့(9.8.2022) မနက် 5နာရီအချိန်တွင်ထိုင်းနိုင်ငံ၌ထူးစမ်းစွာရာသီဥတုဖောက်ပြန်ခြင်းနှင့် အအေးဓာတ်လွန်ကဲမှုတို့ကြောင့် ထူးစမ်းစွာပဲမြူနှင်းတွေဟာ ထိုင်နိုင်ငံနေရာအချို့တွင်ကျရောက်လာမယ်လို့ခန့်မှန်ရပါတယ်ရှင်..''

ရှောင်ကျန့်ကြားလိုက်ရတဲ့အရာကြောင့် နားမယုံနိုင်စွာပဲ

ရှောင်ကျန့်ခဏမျှငြိမ်သက်နေမိတယ်ထိုအချိန်မှာပဲ ဖုန်းလေးရဲ့ surface ပွင့်လာပြီးစာလေးတစ်စောင်ဝင်လာခဲ့တယ်

''ဟင့်..အင်း...မဟုတ်ဘူး...အဲ့လိုမဟုတ်ရဘူးဝမ်...''

ဒီလိုနဲ့ပဲ အိမ်ကိုရှောင်ကျန့် ရောက်တော့ 5နာရီထိုးခဲ့ပြီ

ဘန်ကောက်မြို့ရဲ့ပထမဆုံးနှင်းတွေဟာလဲကျဆင်းနေတာပေါ့

အိမ်တံခါးတွေပိတ်ထားခဲ့တယ် ရှောင်ကျန့်သူ့မှာပါတဲ့သော့အပိုနဲ့ဖွင့်ပြီးအိပ်ခန်းထဲသို့ပြေး ဝင်လာခဲ့တယ်

''ဝမ်...ဝမ်ငယ်''

ဒါပေမယ့်မြင်လိုက်ရတဲ့မြင်ကွင်းက.......



သူနောက်ကျသွားခဲ့ပြီ....

ပိတ်မထားတဲ့ပြတင်းပေါက်နဲ့အတူအခန်းလေးဟာတိတ်ဆိတ်စွာအေးစက်နေခဲ့တယ်

အိပ်ကုတင်ပေါ်ကဓာတ်ပုံလေးတစ်ပုံနဲ့၊ကြိုးစလေးတွဲလောင်းဖြစ်နေတဲ့လက်စွပ်လေးတစ်ကွင်း၊Michaelmas ဒေစီပန်းလေးတစ်ပွင့်ကပဲ သူ့ကိုစောင့်နေခဲ့တယ်

သူမှီအုံးမလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့အိမ်ပြင်ထွက်လာခဲ့တယ် ဒါပေမယ့်ခြံထဲကကားအနားအရောက်မှာပဲကျဆင်းနေတဲ့နှင်းတွေအကြားမှာပြိုလဲသွားခဲ့တယ် လက်ထဲကMichaelmas ဒေစီ ပန်းပွင့်လေးကတော့ နှင်းတွေကျဆင်းနေတဲ့မြင်ပြင်ပေါ်ကိုဆင်းသက်သွားလေရဲ့

ရှောင်ကျန့် Michaelmas ဒေစီပန်းလေးကိုပြန်ကောက်ယူလိုက်ပြီး ချစ်ရသူရဲ့စကားသံလေးတွေကနားထဲဝယ်

(''ကျွန်တော်ခင်ဗျားကို Michaelmas Daisy ပန်းမပေးချင်ဘူးနော် ''

''ကျွန်တော်က Michaelmas Daisy
ကိုတော့တအားမုန်းတာ ''

EventuallyWhere stories live. Discover now