ရှဲ့ဟုန်မင် သူ့ခေါင်းက်ုလှည့်ပြီးဆိုင်ရှင်ကိုကြည့်လိုက်၏။ မထူးမခြားနားတဲ့မျက်လုံးတွေပေမယ့် ဆိုင်ရှင်ကိုနဖူးမှ ချွေးအေးများထွက်အောင်ထိဖိအားပေးနေသည်။ လင်ရှီးသည်မကောင်းတဲ့သူများကိုတိုက်ခိုက်တတ်သော်လည်း ကံမကောင်းစွာနှင့်ဖက်ဒရယ်စစ်တပ်၏ အရာရှိတစ်ဦးအားတိုက်ခိုက်မိသွား၏။

သူဌေးရဲ့နှလုံးသားထဲမှငိုပြီးနေပြီ။ သူအလွန်နောင်တရသည်။ သူသိခဲ့ရင်သူဒီနေ့လင်ရှီးကိုရောင်းတဲ့နေရာမှာထားမယ့်အစား တစ်နေရာရာမှာသော့ပိတ်ထားခဲ့လိုက်မှာပေါ့။ သူဌေးချင်ရှောင်းဆီ အလန့်တကြားပြေးသွားလိုက်သည်။ သူရဲ့ဖြောင့်တန်းပြီးမတ်နေတဲ့ခါးကိုလည်းကွေးချလိုက်ရင်း

"တောင်းပန်ပါတယ်အရာရှိခင်မျာ၊ ဒီရေသူလေးကစိတ်အတက်အကျမြန်တဲ့ရောဂါကိုခံစားနေရပြီး မကြာသေးခင်ကဝယ်သူတွေကို စတိုက်ခိုက်နေတာ၊ အစကကျွန်တော်သူ့ကို ဒီညပြောင်းရွှေ့ဖို့စီစဉ်ထားပါတယ်၊ တောင်းပန်ပါတယ်ကျွန်တော့တာဝန်ပါ၊ ဆိုင်မှာတခြားရေသူလေးတွေရှိပါတယ်၊ သူတို့အကုန်လုံးကအပြုအမူကောင်းပြီးယဉ်ကျေးကြပါတယ်၊ ခင်များဟိုဟိုဒီဒီလျှောက်ကြည့် ကြည့်ပါလား၊ ဥပမာဒီဘေးနားကအညိုရောင်ရေသူလေးလိုအပြုံးချိုချိုလေးတွေရှိပါတယ်"

သူဌေးတောင်းပန်နေရင်း အခြားရေသူလေးတွေကိုချင်ရှောင်းအတွက်အကြံပြုဖို့ အကောင်းဆုံးသူကြိုးစားပြီး ဖြည့်စွက်ပြောဆိုနေ၏။

သို့သော်ငြားသူဘယ်လောက်ပဲပြောဆိုနေပါစေ ချင်ရှောင်းကသူ့အားအေးစက်စက်အကြည့်တစ်ချက်သာပေးလာ၏။ သူဌေးသူ့ပါးစပ်ကိုဖွင့်ပြီးဆက်ပြောချင်သော်လည်း ချင်ရှောင်းရဲ့အကြည့်အောက်မှာသူ့အသံကလည်ချောင်းထဲမှာပဲ‌ရပ်တန့်နေသည်။

ရေသူလေးကိုချင်ရှောင်းချုပ်ထားဆဲပင်။ ရေသူလေး၏အပေါ်ပိုင်းကိုယ်ခန္ဓာက အဝတ်ဗလာဖြစ်ပြီးအောက်ပိုင်းက အနက်ရောင်ငါးအမြီးနှင့်ဖြစ်သည်။ ရေသူလေးရဲ့အမြီးပဲဖြစ်ဖြစ်၊ ဆံပင်ပဲဖြစ်ဖြစ်၊ မျက်ဆံများကပါအနက်ရောင်ဖြစ်၏။အနက်ရောင်ရေသူကအတော်ရှားပါးသည်။ ချင်ရှောင်းမျက်လုံးများကျဉ်းလိုက်ကာ ဒီအရောင်နှင့်ရေသူကမရှိသင့်ဘူးဟုခံစားလိုက်ရသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now