ဒီအချိန်အတောအတွင်းမှာသူ ရေသူလေးအတွက်ခံစားချက်အချို့ရှိတယ်ဆိုတာမငြင်းနိုင်ပေ။ ထွက်ပြေးမယ့်လမ်းသည်အန္တရာယ်အပြည့်နှင့်ဖြစ်သည်။ သူကရေသူလေးနှင့်ကွာခြားသည်။ ရေသူဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်မတွက်လျှင်တောင် သူ့ရဲ့တခြားအချက်မှာ ခေတ်သစ်မြို့ပြစာအုပ်တစ်အုပ်ထဲမှဗီလိန်ဖြစ်သည်။ ဒါတွေကိုဘယ်လိုသိလဲဆိုလျှင် ဇာတ်လမ်းရဲ့အဆုံးမှာသူ့ဇာတ်ကွက်တွေပြီးဆုံးသွားတာကြောင့်ဟု ပြောလို့ရသည်။ လင်ရှီးရဲဖမ်းခံ‌ရပြီးထောင်ထဲတွင် တစ်သက်လုံးမနေရစေရန်လုပ်ဆောင်ခဲ့၏။ သူ့အိမ်မှာသေနတ်နှင့်ကိုယ့်ကိုယ်ကိုပစ်ကာသတ်သေလိုက်သည်။ သူသေပြီးနောက် အကြောင်းပြချက်မသိရပဲ လင်ရှီး၏အသိစိတ်များနိုးထလာပြီး သူနေခဲ့သည့်ကမ္ဘာဟာအစစ်မဟုတ်ပဲ တစ်စုံတစ်ယောက်ကရေးထားသည့်ဝတ္ထုတစ်ပုဒ်သာဖြစ်ကြောင်းရှာတွေ့ခဲ့၏။

  သူ့ဝိဉာဉ်က‌မီးခိုးရောင်လေဟာပြင်ထဲ အချိန်အတော်ကြာအောင်မျောလွင့်နေခဲ့သည်။ ဘယ်လောက်ကြာသွားလဲဆိုတာတောင်သူမသိခဲ့ပေ။ ရုတ်တရက်‌သူ့ခြေထောက်အောက်မှ ကြီးမားသည့်ဆွဲအားတစ်ခုပေါ်ပေါက်လာခဲ့သည်။ အချိန်ခဏ‌လောက် လောကကြီးချာချာလည်သွားပြီး လင်ရှီးနောက်တစ်ကြိမ်မျက်လုံးဖွင့်လိုက်သည့်အခါ နည်းပညာများမြင့်မားကာ အလွန်ဖွံ့ဖြိုးတိုးတက်နေသည့် ဒီကမ္ဘာကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ ဤကမ္ဘာကြီးတွင် လင်ရှီးအရင်ကမမြင်ဖူးသည့် မျိုးစိတ်များစွာရှိနေပြီး လူသားများကမျိုးနွယ်စုအားလုံးရဲ့အထက်မှာရှိနေသည်ကတော့မပြောင်းလဲပေ။

  လူသားတစ်ခါဖြစ်ခဲ့ဖူးပြီး ဗီလိန်တစ်ယောက်အနေနဲ့လင်ရှီးဟာ လူတွေကရေသူများကိုရောင်းချခြင်း၊ ဝယ်ယူခြင်းအပေါ်ထင်မြင်ချက်များများစားစားမရှိပါချေ။ ရေသူများဘာပဲဖြစ်ဖြစ် လင်ရှီးကအခုအချိန်မှာရေသူဖြစ်နေပေမယ့် သူကလူသားတစ်ယောက်ဖြစ်တယ်ဆိုတာအရိုးထဲထိမှတ်ယူနေတုန်းဖြစ်သည်။

  သူ့ရဲ့အတွေးတွေက အတိုင်းအတာတစ်ခုအထိ ယခင်ကဗီလိန်အတိုင်းဆက်ရှိနေသည်။ အတိတ်မှာသူဘာဖြစ်ခဲ့တယ်ဆိုတာ လင်ရှီးသိနေရင်တောင်အဲ့တာက သတ်မှတ်ထားတာဖြစ်သည်။ ဘယ်လောက်ပဲသတ်မှတ်ထားပါစေ သူ့ရဲ့စိတ်နှင့်ဝိဉာဉ်ကလွတ်လပ်နေဆဲပင်။
(သူအရင်ကဖြစ်ခဲ့တာတွေကကံကြမ္မာကသတ်မှတ်ထားတာလို့ဆိုလိုချင်တာ)

The Villain Dressed As a Little MermaidWhere stories live. Discover now