CHAPTER - 22 🙆 Zawgyi 🙆

428 20 0
                                    

လေပြည်တစ်ချက် သော့ခနဲ တိုက်ခတ်သွားသောကြောင့် လမ်းတစ်လျှောက်ရှိ တမာရွက်ကြွေကလေးများ ဖျောခနဲ လွင့်စဉ်သွားကြသည်။ လေပြည်ကြောင့် ဝေ့ခါလူးလွန့်၍ ပုံပျက်သွားသည့် မဟော်ဂနီရောင် ဆံပင်ကလေးများကို လက်ချောင်းလေးများဖြင့် ဖိ၍ သေသပ်သွားအောင် မှန်းဆပြုပြင်လိုက်ရသည်။ ခြေလှမ်းမစိပ်မကျဲကလေးများဖြင့် တမာလမ်းကလေးအတိုင်း ခပ်မှန်မှန်လမ်းလျှောက်နေရင်း EP ဌာနရှေ့ရောက်တော့ လက်ပတ်နာရီကလေးကို တစ်ချက်ကြည့်လိုက်၏။

အခုမှ ရှစ်နာရီခွဲခန့်သာ ရှိနေသေးသည်။ အတန်းဝင်ဖို့ စောလွန်းသေးသည်ဖြစ်၍ ဌာနအရှေ့က ကျောက်ခုံကလေးတွင် ဝင်၍ ထိုင်လိုက်ရင်း ‌သားရေကျောပိုးအိတ်ကလေးထဲက ဆရာမဂျူး၏ မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် စာအုပ်ကလေးကို ဖွင့်ဖတ်နေလိုက်သည်။

သည်စာအုပ်ကလေးကို ခက်ဆစ် ကြိုက်နှစ်သက်သွားပုံမှာ ဆန်းကြယ်လှသည်။ Facebook ပေါ်တွင် ဖတ်လိုက်ရသည့် စာကြောင်းကလေး တစ်ကြောင်းကို ဖတ်လိုက်ရုံမျှနှင့် ထိုစာအုပ်ကလေးကို လွန်စွာ စိတ်ဝင်စားမိသွားသည်။ ထိုအချိန်ကစ၍ ထိုစာအုပ်ကလေးကို အသည်းအသန် ရှာ၍ ဖတ်ကြည့်ခဲ့သည်။

ပထမဆုံး တစ်ခေါက် ဖတ်ပြီးချိန်တွင် ခက်ဆစ်သည် ဆရာမဂျူး၏ အရေးအသားကို လွန်စွာ နှစ်သက်သဘောကျသွားရသည်။ မိန်းမတစ်ယောက်၏ ရှုထောင့်မှနေ၍ ရေးသားထားသည်ဆိုသော်လည်း ဆရာမ၏ အရေးအသား၊ အတွေးအခေါ်၊ ခံယူချက်တို့ကို လေးစားစွာ သဘောကျလျက် ဆရာမဂျူး၏ စာဖတ်ပရိသတ်တစ်ယောက် ဖြစ်လာခဲ့ရသည်။ အခုဆို သည်စာအုပ်ကလေးကို ဒုတိယအကြိမ် ပြန်ဖတ်နေခြင်း ဖြစ်ပါ၏။

"ဟိတ်... ကောင်လေး"

စာအုပ်လေးကို ငုံ့ဖတ်နေရင်း အသံလာရာကို မော့ကြည့်လိုက်တော့ သူ့ကို အပေါ်မှ မိုး၍ ပြုံးပြုံးကြီး စိုက်ကြည့်နေသူမှာ ကွန့်မြူးဖြစ်နေခဲ့သည်။

"ကွန့်မြူး...၊ ထူးထူးဆန်းဆန်း အစောကြီး ကျောင်းရောက်နေပါလား..."

"ငါ ဒီနေ့ ဂီတအသင်းက သူငယ်ချင်းတွေနဲ့ အစည်းအ‌ဝေးရှိလို့ပါကွာ။ မင်းကရော တစ်ယောက်တည်းလား..."

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now