CHAPTER - 20 🙆 Zawgyi 🙆

606 17 1
                                    

February 13, 2015.

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းကြီးမှာ တစ်နေကုန် အတန်းချိန် မရှိဟု ထင်ရအောင် ပင်မဆောင်ကြီး၏ အောက်ထပ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် စည်ကားသိုက်မြိုက်နေတတ်သည်။ ထိုနေ့တွင် သူတို့ကျောင်းကြီးသည် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များနှင့် ပြည့်နှက်နေလေ့ရှိသည်။

မနက်ခင်းပိုင်းတွင် ပင်မဆောင်၏ ဝင်ပေါက်ဝ မုခ်‌ဦး၌ ဝင်လာသမျှသော ကျောင်းသား၊ ကျောင်းသူတိုင်းကို ပဲပြုတ်၊ နံပြားများ ကမ်း၍ ကျွေးမွေးဧည့်ခံသည်။ ကျောင်းလာချိန် နောက်ကျသည့် သူများမှာ ပဲပြုတ်၊ နံပြားများ ရလေ့မရှိ၍ ထို့နေ့တွင်တော့ အမြဲလိုလို ကျောင်းချိန်နောက်ကျတတ်သည့် သက်တံ့ရောင်မှာ ပဲပြုတ်၊ နံပြားစားရန် ကျောင်းသို့ စောစော ထွက်လာလိုက်သည်။

ကျောင်းသို့ ရောက်သည်နှင့် ပင်မဆောင်အောက်ထပ်ကို အရင်သွားလိုက်ကာ ပဲပြုတ်နှင့် နံပြားကို သွားယူလိုက်သည်။

"နံပြားပေးပါဦး...၊ ငါးချပ်နော်"

ကျန်ကျောင်းအိတ်ကြီးထဲမှ အသင့်ထုပ်ပြီးသား နံပြားများကို တစ်ချပ်ချင်း ပေးဝေနေသည့် ကျောင်းသူလေးက သက်တံ့၏ စကားကို ကြားသောအခါ ဖျက်ခနဲ မော့ကြည့်သည်။ ထိုအခါ သက်တံ့က ပြုံးဖြဲဖြဲ မျက်နှာပေးဖြင့်...

"ဟို... သူငယ်ချင်းတွေအတွက်ပါ တောင်းထားတာပါ။ သူတို့က ကျောင်းနောက်ကျတတ်လို့ မစားရမှာစိုးလို့"

ကျောင်းသူလေးက ခေါင်းပြန် ငုံ့သွားကာ ကျန်ကျောင်းအိတ်ကြီးထဲမှ နံပြားငါးချပ်ကို ထုတ်ရင်း သက်တံ့အား လှမ်းပေးသည်။ သက်တံ့က နံပြားငါးချပ်ကို ယူလာခဲ့ရင်း ပင်မဆောင်၏ ဒုတိယထပ်ကို တက်သွားလိုက်ကာ လှေကားရင်းက အုတ်ခုံးကလေးတွင် ထိုင်လျက် ခက်ဆစ်တို့အား စောင့်နေလိုက်သည်။

ထိုနေရာကလေးသည် သူတို့၏ ဆုံမှတ်ဖြစ်သည်။ ပင်မဆောင် မြေညီထပ်မှာ ထိုင်စရာနေရာလွတ် မရှိသည့် အခြေအနေမျိုးတွင် သူတို့အုပ်စု သည်နေရာကလေးမှာ လာထိုင်လေ့ရှိသည်။ တစ်ခါတလေ နေ့လည်စာ ထမင်းစားပြီး၍ ကန်တင်းမသွားဖြစ်သည့် အချိန်မျိုးတွင်လည်း သူတို့ သည်နေရာကလေး‌တွင် ထိုင်၍ စကားပြောလေ့ရှိသည်။ အတန်းမတက်ချင်၍ အတန်းလစ်သည့် အချိန်မျိုးတွင်လည်း သည်နေရာလေးမှာပင် သူတို့ အချိန်ဖြုန်းလေ့ရှိသည်။

အချစ်စစ်ပုံပြင် 💙 အချစ်စစ်ပုံပြင် { COMPLETED}Where stories live. Discover now