အပိုင်း(၂)

Start from the beginning
                                    

"မောင် မှားလား...ဒီစာသင်ချိန်မမှီရင်ဆရာ
အဆူခံရမှာ မောင်က ဘယ်လိုဆူဆူ
ဘယ်လောက်ဆူဆူခံနိုင်ရည်ရှိပေမယ့်
မင်းခံနိုင်ရည်ရှိလား...မင်း ငိုရင် မောင်ပဲလမ်းပျောက်
မှာလေ...အဲ့တာကြောင့် မောင်မှီအောင်သွားချင်တယ်
မင်းစားဖို့ မောင့်အိတ်ထဲမှာမနက်စာအပြည့်ရှိတယ်
မဆိုးနဲ့လေ ကလေးရယ်..."

"မေမေ့ရှေ့မှာ မအော်နဲ့လေ မေမေက
ဘယ်ကြိုက်ပါ့မလဲ.."

"မောင့်အပိုင်မောင်အော်တာ...ဘယ်သူ့ကို
ဂရုစိုက်နေရမှာလဲ..."

"မောင် က အရမ်း ကြမ်းတမ်းတာပဲ.."

"Bus လာပြီ..."

Busပေါ်တက်ရင်ရှေ့ကအမြဲတက်ရကာ
နေရာကိုJiminမဆုံးဖြတ်ရ။အသင့်တော်ဆုံး
နေရာတစ်ခုကိုရှာဖွေကာအမြဲတမ်းဦးစားပေး
ထိုင်ခိုင်းသည်။မတ်တပ်ရပ်စီးရလျှင်
Jimin သည်ဘယ်သူမှ တစ်မှုန်တစ်စလေးမှ
လာမထိနိုင်အောင်ရင်ခွင်အကြီးကြီးထဲမြုပ်
နေတတ်၏။

အဲ့နှစ်ပိုင်းတွေက ပုံမှန်ရုံးသွားစျေးသွား
လမ်းသွားလမ်းလာများ တစ်ရက်မှ
မခွဲအတူတူကျောင်းသွားခဲ့ကြသော
တက္ကသ်ိုလ်ကျောင်းသားလေးနှစ်ယောက်ကို
အားလုံးရင်းရင်းနှီးနှီးသိခဲ့ကြသည်။

"ချစ်စရာလေး...."

မနက်စောစောပါးတစ်ဖက်ကိုနစ်ဝင်နေအောင်
နမ်းပြီးမှ ကျောပိုးအိတ်ထဲကမနက်စာကို
ထုတ်ကာJeonက စားသည်။
ဘေးက သိပ်ချစ်စရာလေးအတွက်လည်း
ပြင်ဆင်ပေးကာ ကောင်းကောင်းစားနေတာ
ကိုတစိမ့်စိမ့်ကြည့်ပြီးကျောင်းတက်ရသော
မနက်ခင်းတွေသည် တကယ့်ကိုအပူအပင်မဲ့။

"ကျွန်တော် တော်ပြီ..."

"နည်းလိုက်တာ..."

"Weight ချနေတာ..."

"Jimin...အတူတူနေခဲ့တဲ့နှစ်တွေဘယ်လောက်
များများ အဲ့တာကကိန်းဂဏန်းတစ်ခုပဲ
ဘယ်နှနှစ်တောင်အတူတူရှိခဲ့ကြပြီးလို့
ဒီလူကိုပဲ ဆိုတာ မမှန်ဘူး...ကိုယ့်အပေါ်
တကယ်သိတတ်နားလည်ပြီးလေးစားမှုရှိမှ
ကြင်နာမှုရှိမှ ဘဝကလုံခြုံတာ ငယ်ရွယ်တဲ့ဘဝမှာ
အချစ်ကိုရူးလို့ရပေမယ့် အသက်ကြီးလာရင်
ဘဝလုံခြုံမှုနဲ့အေးချမ်းမှုကပဲအရေးကြီးတယ်"

အက်ကြောင်းကဗျာ🍂Where stories live. Discover now