Yoongi လည်း ခံစားချက်ကိုသိပ်မထုတ်ပြတတ်
သော်ငြားပျော်နေမှန်း Kimကို Kimမသိခင်
မပွင့်တပွင့်ပြုံးကာခိုးခိုးကြည့်တတ်သော
အကြည့်တွေကသက်သေ။Kimကတော့ပွင့်လင့်
တတ်သူမို့ ခြေလှမ်းတွေလေပေါ်မြောက်နေလျှက်။

"Jungkook!!!!!ဟ Jungkook လာတာလား..!!"

အဖြူရောင်ဆင်တူတွေနဲ့ချစ်မဝဖြစ်နေရင်း
ပွဲထဲမှသူငယ်ချင်းတစ်ယောက်၏အော်လိုက်သံ
ကြောင့် TaeHyungရောYoongiပါလှမ်းကြည့်
တော့ တကယ်ကြီး Jungkook။

ခပ်ဟောင်းဟောင်းအနွေးထည်အနက်နှင့်
ဘောင်းဘီအနက်ကို
တွဲဝတ်ထားကာရှုပ်ပွထနေသောဆံပင်တွေ
အိမ်စီးဖိနပ်တစ်ရံနှင့်စီးကရက်တစ်လိပ်လက်ကြား
ညှပ်ထားသေးသည်။

မျက်လုံးတွေကိုဆံပင်တွေဖုံးနေတာကြောင့်
မမြင်ရ ။ခန္ဓာကိုယ်ကိုမတ်မတ်လျှောက်မလာ
ခေါင်းငိုက်စိုက်ဖြင့် ပွဲထဲဝင်လာပုံသည်
အားလုံးကိုတအံ့တဩ။ဒါပေမယ့်မငြိုငြင်
မကဲ့ရဲ့ကြပါ။

TaeHyungနှင့်Yoongiသည်အားရဝမ်းသာ
ခြေကုန်လက်ပန်းကျနေသောဟန်ဖြင့်
ပွဲထဲဝင်လာသောJungkookဆီပြေးသွားကြသည်။

"သူငယ်ချင်းကြီး!!!!တကယ်လာတာလား
ဒါက အိမ်မက်လား....မင်း တကယ်လား..."

Kimသည်Jungkookမျက်နှာအားဆွဲလှုပ်ကာ
အကြမ်းပတမ်းစမ်းသပ်တော့လက်တွေကို
ပုတ်ထုတ်ပစ်သည်။

" လာတာတွေ့နေတယ်မလား ..."

"တွေ့ပါတယ် ဖိတ်သာဖိတ်ရတာ မင်းလာလိမ့်မယ်
လုံးဝမထင်ဘူး...တကယ်ပါ..."

"သူငယ်ချင်းအရင်းကြီးတွေရဲ့မင်္ဂလာဆောင်
ကို မလာချင်တဲ့အထိ ငါလူမှုရေးမညံ့ပါဘူး..."

မှိုင်းပြပြပုံစံနှင့်ခပ်ပြတ်ပြတ်စကားဆိုဟန်သည်
ပြောင်းလဲသွားမှုတွေအများကြီး။
Jungkookလူမှုရေးကိစ္စတွေရှောင်ကာ
လူတွေခပ်ဝေးဝေးတွင်နေနေခြင်းသည်နှစ်နှစ်
ကျော်မျှရှိလောက်ပြီ။

သူတို့ချစ်သူဖြစ်သွားကြပြီဆိုတဲ့အကြောင်းတောင်
Jungkookကိုမပြောခဲ့ရ။ပြောလို့မရသောလွန်ခဲ့တဲ့
နှစ်ပိုင်းတွေကအခြေအနေတွေဟာတိတ်တိတ်သာ
နေသင့်ခဲ့ခြင်းကြောင့်။ခုပွဲကိုလည်းသူမလာလည်း
အပြစ်မြင်ဖို့အစီအစဉ်မရှိကြ။ဒါပေမယ့်ဘယ်လိုဆိုဆို
ရောက်လာခဲ့တာကြောင့်ပိုပျော်သွားရသည်။

အက်ကြောင်းကဗျာ🍂जहाँ कहानियाँ रहती हैं। अभी खोजें