" ဖယ်ပါ စလယ်ရီ "
"ဇု မနှစ်သက်လို့လား ဟင်"
"ဟင့်အင်း ဇု စောင့်ထိန်းချင်လို့ပါ"
"ဘာလို့လဲ ရေအောက်နန်းဆောင်ကို
ပြန်လည်ကယ်တင်နိုင်တဲ့အခါ စလယ်ရီဟာ
ဇုမဟုတ်တဲ့ အခြားသူတစ်ဦးရဲ့ သတို့သမီး
ဖြစ်ရမှာမို့လား"

"စလယ်ရီ သိနေပြီပဲဟာ"
"ဇုရယ်……"
" စလယ်ရီ နားလိုက်ပါဦး တိုက်ပွဲအတွက်
ဟိုသုံးယောက်နဲ့ စီစဉ်ထားလိုက်ပါမယ်"
"ကောင်းပါပြီ"

ဇု အနားက ထွက်သွားတော့ သိသလိုလို မသိ
သလိုလို အဖြစ်အပျက်အချို့က စလယ်ရီ အာ
ရုံကို နယ်ချဲ့နေလေသည်။ လည်ဆွဲကလေးကို
မ လို့ စလယ်ရီ နတ်သူငယ်မလေး သုံးဦးကို
ဆင့်ခေါ်လိုက်မိသည်။ မကြာချက်ချင်း ပေါ်လာ
ကြလေသည်။

"သခင်မ"
"စလယ်ရီလို့ခေါ်လေဟယ်"
"အော သခင်မတဲ့လား"
"မြူနှင်း ပြောပြလိုက် ဝသန့်ကို"

"အို ဘယ်လိုခေါ်ခေါ် ခေါ်ပါ ရှင်တို့ရယ်
စလယ်ရီ မေးချင်လို့ပါ"

    သုံးဦးသား အတောင်ပံတဖျပ်ဖျပ် ခတ်လို့
စလယ်ရီပြောမည်ကို ခေါင်းညိတ်နားထောင်ဖို့
ပြင်လိုက်ကြလေသည်။

"ဇုက ထူးဆန်းလွန်မနေဘူးလား ဟင်"
"စံပယ် နင် ဖြေကြည့်လိုက်"
"အေးပါ ဝသန်ရယ် နင်လည်းတွေး
နင်က အတွေးကောင်းတာမို့"

"ဖြေစမ်းပါ စံပယ်ရယ်"
"အေးပါ မြူနှင်းမရယ် ဒီလိုလေ စလယ်ရီ၊
ဘာဖြစ်ဖြစ် ဝသန်ကို မေးကြည့်သလောက်ဆို
စံပယ်တို့ ကမ္ဘာမှာ ပင်လယ်ငိုသည့် ည ဆို
တဲ့ ဝတ္ထုလေးက ဇာတ်သိမ်းသွားပြီတဲ့"

"ဇာတ်သိမ်းက ဘယ်လိုဖြစ်သွားလဲဟင် စံပယ်"
"ဝသန် ညည်း ပြောလိုက်တော့"
"အင်း ဒီလို သခင်မရဲ့ ဇာတ်သိမ်းမှာ သခင်မ
က တိုက်ပွဲကို အောင်နိုင်သူ ဖြစ်သွားတယ်"
"အွန်း ဇုကော ဇု ဘာဖြစ်သွားလဲ ဟင်"
"ဇုကတော့ သေသွားတယ်တဲ့ သခင်မ"
"အို……"

"ဒါပေမယ့် မယုံရဘူးမလား ဝသန်ရယ် မြူနှင်း
ပြောပြမယ် စလယ်ရီ"
"ပြောပြပါ"
"မြူနှင်းတို့ ကမ္ဘာမှာဆိုလေ အခုလိုဖြစ်တာမျိုး
ဇာတ်ကားတွေ ရိုက်ကြတယ်သလား အင်း မြူနှင်း
အထင်တော့ ဟို အဟဲ မြူနှင်းကို ကြိုက်တဲ့
ကိုဇလု ပြောသလို မြူနှင်းတို့ ဖန်တီးမှ ဒီဇာတ်က
သိမ်းမယ်ထင်တယ် အဓိကတော့ ဒီဇာတ်လမ်းက
စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်ဆိုတော့ ဖန်တီး
သူကို ရှာရမယ်ထင်တယ်"

Love + Love [Normal Fiction]Where stories live. Discover now