About Omegaverse

3.3K 92 14
                                    

English readers, I wanna inform that there is an English version (not complete yet tho) of this book in my account. If you are interested in this book cos' of the description, you can go check that English ver book out. Thank you for your interest.
.
.
.
.
Hi guys..

MinSung FF ​နောက်ထပ်တစ်ပုဒ်က​နေပြီး​တော့ ကြိုဆိုလိုက်ပါတယ်။ Title ကိုကြည့်တာနဲ့သိသာ​လောက်​ပေမဲ့ ထပ်ပြီး​ကြေညာရမယ်ဆို ဒီ FF ​လေးက Omegaverse တစ်နည်းအားဖြင့် A/B/O ကိုအ​ခြေခံသွားမယ့် FF ​လေးပါ။ ဒါ​ကြောင့် Intro အစား RB က Omegaverse နဲ့စိမ်းသက်​နေ​သေးတဲ့ Reader ​လေး​တွေကို Omegaverse အ​ကြောင်း သိသ​လောက်ရှင်းပြ​ပေးချင်ပါတယ်။

Warning - စာရှည်ပါတယ်။ Omegaverse အ​ကြောင်းလုံးဝမသိထားဖူးတဲ့သူဆိုရင် မူးသွားနိုင်ပါတယ်။ ဒါ​ပေမဲ့လို့ အခု RB က စာသင်​ပေး​နေတာမဟုတ်ပါဘူး XD နားမလည်လို့ဆိုပြီး စိတ်ညစ်သွားစရာ​တော့မရှိပါဘူး။ တစ်​​ခေါက်​လောက် ဖတ်ကြည့်ပါ။ နည်းနည်းသိလာရင် fiction ကိုဖတ်ပါ။ Fiction ကိုဖတ်လိုက်တာနဲ့ ပိုသိလာပါလိမ့်မယ်။ ဖတ်​နေရင်း မသိတဲ့အသုံးအနှုန်းမျိုးရှိလာရင်လည်း ဒီအပိုင်းမှာပြန်လာကြည့်လို့ရပါတယ်။ မဟုတ်ရင် RB ကိုလည်း​မေးလို့ရပါတယ်။ RB ​သေ​သေချာချာ​ဖြေ​ပေးပါ့မယ်။

တစ်ခု​ပြောချင်တာက​တော့ ဒီရှင်းပြချက်​တွေက RB သိသ​လောက် knowledge အ​ပေါ်အ​ခြေခံထားတဲ့ ရှင်းလင်းချက်​တွေပဲဖြစ်ပါတယ်။ ​နောက်ပြီး Non-Beta အတွက် လိုအပ်မယ်ထင်တဲ့ အချက်​တွေ​လောက်ကိုပဲ ​ပြောပြသွားမှာမို့ ဒီ့ထက်ပိုပြီးသိချင်တယ်ဆိုရင်​တော့ ​အောက်က Link ​လေးထဲဝင်ပြီး ဖတ်ကြည့်​ပေးပါ​နော် >< RB လည်း ​အောက်မှာ​ရေးထားသမျှ​တွေကို ဒီစာ​ရေးသူ​​ရေးသားထားတဲ့အချက်​တွေကို ကိုးကားပြီးပြန်ရှင်းပြ​ပေးသွားမှာဖြစ်ပါတယ်။

https://www.wattpad.com/546924059-the-unofficial-guide-to-the-omegaverse-basic

​နောက်​ထပ်​ပြောချင်တာက Omegaverse သ​ဘောတရား​တွေဟာ ဘုံတူညီချက်အချို့ကလွဲရင် စာ​ရေးသူ​ပေါ်မူတည်ပြီး Manga အလိုက် Fiction အလိုက်ကွဲပြားမှု​တွေရှိပါတယ်။ အမှားအမှန်ဆိုတာထက် လက်ခံလို့မရတဲ့ အချက်တစ်ခုခုကို RB ​ဖော်ပြမိသည်ရှိ​သော် RB ကိုလာ​ပြော​ပေးပါလို့ ရို​သေစွာနဲ့ ​တောင်းပန်ပါတယ်​နော်။

1. Omegaverse ဆိုတာဘာလဲ

Omegaverse ဆိုတာ RB တို့​နေတဲ့ ကမ္ဘာ နဲ့မတူတဲ့ ကမ္ဘာတစ်ခုပါ။ စာ​ရေးဆရာ​တွေရဲ့ စိတ်ကူးစိတ်သန်းက​နေ ​ပေါက်ဖွားလာတဲ့ ကမ္ဘာပေါ့။ ကိုယ်တို့ ကမ္ဘာ မှာဆိုရင် လူ​တွေဟာ ​မျောက်ကဆင်းသက်လာတယ်ဆိုတဲ့ နာမည်ကြီးနိယာမတစ်ခုရှိတယ်မဟုတ်လား။ Omegaverse မှာ​နေထိုင်သူ​တွေက​တော့ ဝံပု​လွေ Wolf ကဆင်းသက်လာကြသူ​တွေပါ။ တချို့​သော Manga ​တွေ၊ Fiction ​တွေမှာဆိုရင် Omegaverse မှာ​နေထိုင်သူ​တွေဟာ လူ​တွေ​တောင်မဟုတ်ဘဲ Werewolf ​တွေဖြစ်ကြပါတယ်။ ဒါ​ကြောင့် Wolf သ​ဘာဝအတိုင်း Omegaverse မှာ Alpha, Beta, Omega ဆိုတဲ့ သုံးမျိုးသုံးစားကွဲပြားသွားပါတယ်။ (တချို့​သော ဇာတ်လမ်း​တွေမှာ​တော့ Delta, Gamma, Sigma ဆိုတဲ့အမျိုးကွဲ​တွေ​တောင်ရှိပါ​သေးတယ်၊ ဒါ​​ပေမဲ့ Non-Beta မှာ​တော့ ဒီအမျိုးအစား​တွေပါဝင်မှာမဟုတ်ပါဘူး။) ဒီ Alpha, Beta, Omega ဆိုတဲ့သုံးမျိုး​ကြောင့်ပဲ Omegaverse ကို A/B/O ဒါမှမဟုတ် ABO လို့​ခေါ်​ဝေါ်ကြပါ​သေးတယ်။

NON-BETA || MinSung FF ||Unde poveștirile trăiesc. Descoperă acum