အခန်း(44)

4.1K 290 15
                                    

Moon မျက်​လုံးကိုပွတ်​ရင်းကြည့်​လိုက်​​တော့ ​မောင်​က moonကို ရင်​ခွင်​ထဲမှာ တင်းကြပ်​​အောင်​ဖက်​ထားရင်း အိပ်​​ပျော်​​နေ​တော့တယ်​ ​မောင်​က ရှမ်း​သွေးစပ်​လို့လားမသိဘူး အရမ်းကို အသားကဖြူ​ဖွေး​နေ​တော့တယ်​ ​မောင့်​​ဖေ​ရော daddy​ရောဆီက အလှအပ​တွေအကုန်​ စုပြုံရထားလို့လားမသိဘူး ​မောင်​ ကအရမ်းကို ​ချော​မောခန့်​ညားလွန်းတယ်​ moon ​မောင်​ရဲ့ အင်္ကျီမဝတ်​ထားတဲ့ ရင်​ဘတ်​​လေးကို ခပ်​ဖွဖွပွတ်​သပ်​ရင်း ​မောင့်​ မျက်​နှာ​လေးကို ​ငေးကြည့်​​နေမိတယ်

"ဟင်​"

Moon ​မောင့်​မျက်​နှာ​ပေါ်ကိုကြည့်​ရင်း ​မောင်​နဖူး​ပေါ်က ဖီးနစ်​ပုံအမှတ်​အသား​လေးကို ​တွေ့လိုက်​တာ​ကြောင့်​ moon အလန့်​တကြား အမှတ်​​လေးကို ထိလိုက်​မိ​တော့တယ်

"အရင်​က အဲဒီအမှတ်​ မရှိပါဘူး ညက​တောင်​မ​တွေ့ပါဘူး ဘယ်​က​ရောက်​လာတာပါလိမ့်​"

"ဘယ်​ကမှ​ရောက်​လာတာမဟုတ်​ဘူးအရင်​ကတည်းက ​မောင့်​မှာရှိတယ်​ moon​လေးက မမြင်​ရတာ"

မောင်​က သူ့နဖူးကိုထိ​တွေ့​နေတဲ့ moonလက်​​လေးကို နမ်းလိုက်​ပြီး moonရဲ့နဖူးကိုလည်း သူ့လက်​​တွေနဲ့ထိ​တွေ့ပြီး

"Moon​လေးမှာလည်းရှိတယ်​"

"ဘယ်​လို​မောင်​ ကိုယ့်​မှာ မရှိပါဘူး"

"​မောင်​ မင်းအရှက်​မရှိဘူး ဘာလို့ ဒီအတိုင်း ထလိုက်​တာလဲ"

မောင်​ က ​စောင်​ကို ဖယ်​ပြီး ထလိုက်​တာ​ကြောင့်​ moonအလန့်​တကြား​အော်​လိုက်​မိ​တော့ ​မောင်​က ခပ်​ဖွဖွရီလိုက်​ပြီး

"ညက​တောင်​ moon​လေး ကြည့်​ထားပြီးပြီကို ​moon​လေး​တောင်​ ညက အရမ်းမိုက်​တယ်​လို့​ပြော​သေးတယ်​ အဲဒါကို မောင်​က moon​လေးကိုရှက်​​နေစရာလား"

"​မောင်​ မင်း မင်း အာ ဘာလုပ်​တာလဲ"

မောင်​က moonကို​ပွေ့ချီလိုက်​တာ​ကြောင့်​ moon အလန့်​တကြား​အော်​လိုက်​မိ​တော့တယ်​ ​မောင်​က တစ်​ခွန်းမှမ​ပြောပဲ သူ့ရဲ့ ပါးချိုင့်​​တွေ​ပေါ်​အောင်​ရီရင်း moonအခန်းထဲက ကိုယ်​လုံး​ပေါ်မှန်​​ရှေ့ကို ​ခေါ်သွား​ကာ မှန်​​ရှေ့ချလိုက်​​တော့တယ်​ moonကို ​နောက်​က​နေပြီး ခါးကို ဖက်​ထားရင်း

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now