အခန်း(41)

4.3K 317 13
                                    

"ဆွဲ​ခေါ်လာခဲ့"

လင်း အချုပ်​ထဲမှာဖမ်းထားတဲ့ ရံကိုဆွဲထုတ်​ခိုင်းလိုက်​ပြီး မြို့ပြင်​ကို​ခေါ်လာလိုက်​​တော့တယ်

မြို့ပြင်​ရဲ့ သုသာန်​မှာ ရာဇဝတ်​သား​တွေ ကိုသတ်​ဖြတ်​ဖို့​နေရာ မှာ ​ကောက်​ရိုး​တွေပုံပြီး မီးရှို့ဖို့စတင်​ပြင်​ဆင်​လိုက်​​တော့တယ်

"အစ်​ကို လင်း"

လင်း ရံရဲ့​ခေါ်သံ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့

"​မေ​မေ ​မေ​မေကို ကယ်​​ပေးပါ ကျွန်​​တော်​ကို သတ်​လိုက်​လည်း ဖြစ်​တာမလို့ ​မေ​မေကို ကယ်​​ပေးပါ ​မေ​မေက white wolf မျိုးနွယ်​ဝင်​မလို့ မင်းကြီးကအသက်​ချမ်းသာ​ပေးမှာပါ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​"

လက်​ပြန်​ကြိုးတုတ်​ထားပြီး ဒူး​ထောက်​ထားတာ​ကြောင့်​ နဖူးနဲ့ ​မြေကြီးကိုတိုက်​ပြီး ​တောင်းပန်​​နေတဲ့ က​လေးကို လင်းစိတ်​မ​ကောင်းစွာကြည့်​​နေလိုက်​မိတယ်

မ​နေ့ညက black wolf မျိုးနွယ်​စုရဲ့ စခန်းကို ဝင်​တိုက်​တဲ့ စစ်​သူကြီးရဲ့အ​ပြောအရ ရံရဲ့​မေ​မေက ရံ နန်း​တော်​ကို စ​ရောက်​ကတည်းက အသတ်​ခံလိုက်​ရပြီဆိုတာပါပဲ ​မျှော်​လင့်​ချက်​​တွေနဲ့ ​ပြော​နေတဲ့ က​လေးကို လင်း ဘယ်​လိုစိတ်​မျိုးနဲ့ မင်းအ​မေ ​သေသွားပြီလို့ ​ပြောရပါ့မလဲ ရန်​ညှိုး​တွေပြည့်​​နေတဲ့ လူ​တွေကြားထဲမှာ ဒီက​လေး​လေးက ဓားစာခံဖြစ်​သွားရှာတာ​လေ

"​ကောင်းပြီ အစ်​ကိုကယ်​​ပေးပါ"

"​ကျေးဇူးပါ အစ်​ကို အစ်​ကို့​ကျေးဇူးကို ​နောက်​ဘဝကျမှဆပ်​ပါမယ်​"

"ဘာ​ပြောချင်​​သေးလဲ ရံ​လေး"

ရံ​လေး​ခေါင်းခါပြပြီး

"​နောက်​ဘဝဆိုတာရှိခဲ့ရင်​​တော့ သူများအသုံးချခံရတဲ့ လူမဖြစ်​ချင်​​တော့ဘူးအစ်​ကို ကျွန်​​တော်​ကို တကယ်​ချစ်​​ပေးမယ့်​လူ ကို​တော့ တခါ​လောက်​​တော့လိုချင်​မိတယ်​"

"​ရော့"

"အစ်​ကို"

"အစ်​ကို မင်းကြီးအမိန့်​ကိုမလွန်​ဆန်​နိုင်​ပင်​မယ့်​ ရံ​လေးကို​တော့ သက်​​တောင့်​သက်​သာ​လေး ထွက်​သွား​စေချင်​တယ်​"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now